Friday, September 28, 2012

ကွင်းလယ်တိုက်စစ်အားပြိုင်မည့် လန်ဒန်ဒါဘီပွဲ


စက်တင်ဘာလ(၂၉)ရက်နေ့တွင်  ပရီးမီးယားလိဂ်ပွဲစဉ်(၆)အဖြစ် ချယ်လ်ဆီးသည် အာဆင်နယ်အိမ်ကွင်း
အမ်းမရိတ်သို့ သွားရောက်ယှဉ်ပြိုင်ပြီး ယခုနှစ်ဘောလုံးရာသီတွင် အသင်းကြီးထိပ်တိုက်တွေ့ဆုံမှုအဖြစ်
စတင်တော့မည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းတွင် လတ်တလောဒဏ်ရာရကစားသမားမရှိသည့်အပြင်
အနားယူနေသည့် မာကိုမာရင်မှလည်း ပြီးခဲ့သည့် League Cup ပွဲတွင် ၀င်ရောက်ကစားနိုင်ပြီဖြစ်သည်။
သို့သော် တယ်ရီ၏ကြားနာမှုမှာ ယခုရက်ပိုင်းအတွင်း ပြီးဆုံးဖွယ်ရှိ၍ ပွဲပယ်ခံရခြင်းရှိ-မရှိမသိနိုင်သေးပါ။
အာစင်ဝင်းဂါးအသင်းအတွက် ကာလကြာရှည်ဒဏ်ရာရနေသည့် ၀ဲလ်ရှိုင်းယားမှလွဲ၍ သိပ်ပြသနာရှိပုံ
မရပေ။

ထိပ်တိုက်တွေ့ဆုံမှုများအရ အာဆင်နယ်အသင်းသည် ၄င်းတို့၏အိမ်ကွင်းတွင် ချယ်လ်ဆီးအသင်းနှင့်
နောက်ဆုံးတွေ့ဆုံခဲ့သည့်(၈)ပွဲ၌ (၂)ပွဲသာအနိုင်၊ (၃)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ထားပြီး သွင်းဂိုး(၆)ဂိုးသာ
ရှိခဲ့သည်။ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်(၅)ပွဲကစားပြီး ချိန်တွင် ထူးခြားမှုမှာ နှစ်သင်းလုံး
ရဂိုး(၉)ဂိုး၊ ပေးဂိုး(၂)ဂိုးဖြင့်တူညီနေခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် EPL (၅)ပွဲကစားခဲ့ရာ
(၄)ပွဲပေးဂိုးမရှိခဲ့ပေ။ မီခေးလ်အာတီတာမှာ ယခုနှစ်ရာသီ EPL ပွဲစဉ်တစ်ပွဲတိုင်း  ပျှမ်းမျှဘောလုံးထိ
ကြိမ်ပေါင်း(၁၁၁)ကြိမ်ဖြင့်  ကျန်ကစားသမားများထက် သာလွန်နေကြောင်းမှတ်တမ်းရရှိထားသကဲ့သို့
ဟာဇက်မှာလည်း   ပရီးမီးယားလိဂ်သမိုင်းတွင် ရာသီအစ(၄)ပွဲဆက် Man of the match ကို
ရရှိခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါသည်။
အာဆင်နယ်အသင်းတွင် ဗန်ပါစီလိုတိုက်စစ်မှူးပုံစံ အနေအထားမရှိသေးသလို ချယ်လ်ဆီးအသင်း
မှာလည်းဒရော့ဘာလို အဆုံးသတ်ကောင်းသည့်  တိုက်စစ်မှူး မရှိသေး၍ ယခုပွဲတွင် အဆုံးအဖြတ်
ပေးသွားမည်မှာ ကွင်းလယ်တိုက်စစ်နေရာများမှ ဖြစ်နိုင်ပါသည်။  ချယ်လ်ဆီးအသင်းအနေနှင့်
အာဆင်နယ်လို လျင်လျင်မြန်မြန်တိုက်စစ်ဆင်ကစားသည့် အက်တလီကို မဒရစ်အသင်းနှင့် တွေ့ဆုံ
ခဲ့ပြီးဖြစ်၍ အဆိုပါပွဲမှ သင်ခန်းစာကိုယူပြီး တိုက်စစ်မှ ခံစစ်ပြန်လည်ကူးပြောင်းရာတွင် ပြေပြစ်မှသာ
ရလာဒ်ကောင်း မှန်းနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ဂါဗင်ဟိုသည် ချယ်လ်ဆီးအသင်း၏ အားနည်း
ချက်ဖြစ်သည့်ဧရိယာထိပ်(သို့)ဧရိယာအတွင်း လျင်မြန်စွာ ဖြတ်ကျော်သွားနိုင်မည့် ကစားသမားအဖြစ်
သတိထားရမည်ဖြစ်သည်။
ချယ်လ်ဆီးကွင်းလယ်တိုက်စစ်အတွဲများဖြစ်သည့် မာတာ၊ အော်စကာ၊ဟာဇက် တို့ တွဲဖက်မိလာပြီ
ဖြစ်၍ ကာဇိုလာ၊ အာတီတာတို့ အတွဲထက်ကောင်းမွန်သလို အာဆင်နယ်အားနည်းချက်ဖြစ်သည့်
တည်ကန်ဘော၊ ထောင့်ကန်ဘော စသည့်အမြင့်ဘောများကို ကာဟေးလ်လူးဝစ်တို့က အသုံးချ
နိုင်သည့် အရည်အချင်းရှိသူများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုပွဲတွင် လျှင်မြန်မှုများနှင့်အတူ
ဂိုးအပြန်အလှန်သွင်းကြမည့် ပွဲကောင်းတစ်ပွဲဖြစ်လာရန် ကျိန်းသေပါသည်။

No comments:

Post a Comment