Friday, September 28, 2012

ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲ ပွဲစဉ်ဇယားထွက်ပေါ်


ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲ ပွဲစဉ်ဇယားကို တနင်္လာနေ့က ထုတ်ပြန်လိုက်ရာ ချယ်လ်ဆီးအသင်းသည်
ဆီမီးဖိုင်နယ်ပွဲအဖြစ် မက္ကဆီကိုကလပ် CF Monterrey (သို့) အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှ အနိုင်ရရှိသည့်
အသင်းနှင့် ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိ
ရသည်။

ကမ္ဘာ့တိုက်ကြီး(၆)တိုက်မှ ကလပ်အသင်းချန်ပီယံ(၆)သင်းနှင့် ဂျပန် ဂျေလိဂ်ချန်ပီယံအပါအ၀င် စုစုပေါင်း
အသင်း(၇)သင်းပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာ့ကလပ်အသင်းများပြိုင်ပွဲတွင် ဥရောပချန်ပီယံချယ်လ်ဆီးအသင်း
သည် ဆီမီးဖိုင်နယ်အဆင့်မှသာပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် တောင်အမေရိကကလပ်
အသင်းများ ချန်ပီယံ ဘရာဇီးလ်မှ ကိုရင်သီယံ အသင်းသည်လည်း အာဖရိက ကလပ်အသင်းချန်ပီယံ(သို့)
ဂျေလိဂ်ချန်ပီယံအသင်းနှင့် ဆီမီးဖိုင်နယ်၌ တွေ့ဆုံမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အင်္ဂလန်ကလပ်အသင်းများထဲမှ ၂၀၀၅ ခုနှစ်တွင် လီဗာပူးအသင်းက ဒုတိယ၊ ၂၀၀၈ ခုနှစ်
တွင် မန်ချက်စတာယူနိုက်တက်အသင်းက ပထမ အသီးသီးရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

copy from http://mmchelseafc.com/main/cwl-japan

No comments:

Post a Comment