Tuesday, October 2, 2012

ချယ်လ်ဆီးမှ နှစ်ရှည်စာချူပ် မျှော်လင့်နေသည့် အက်ရှလေကိုးလ်



ESPN မှဖော်ပြသော သတင်းအရ အက်ရှလေကိုးသည် ချယ်လ်ဆီးအသင်းဆီမှ နှစ်ရှည်သက်တမ်းတိုးစာချူပ် ကမ်းလှန်းရန်မျှော်လင့်နေပြီး သူ၏ ကစားသမားဘ၀အား ချယ်လ်ဆီးမှာပဲ အဆုံးသတ်သွားရန် ရည်ရွယ်လျက်ရှိသည်ဟု ဖော်ပြထားပါသည်။
အသက်၃၀အထက် ကစားသမားများအား တစ်နှစ်ထက်ပိုမို၍ စာချူပ်တိုး မကမ်းလှမ်းသည့် ချယ်လ်ဆီးအသင်း၏ ပေါ်လစီအရ ၃၁နှစ်ရှိပြီဖြစ်သည် အက်ရှလေကိုးလ်အားလည်း ချယ်လ်ဆီးမှ တစ်နှစ်သက်တမ်းတိုးရန်သာ ကမ်းလှမ်းခဲ့တာပါ။ ဒါကို အစောပိုင်းက ကိုးလ်အနေနဲ့ ပယ်ချခဲ့ပြီးဖြစ်ပါသည်။
ESPN မှ ဖော်ပြချက်အရ

အက်ရှလေအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ပေါ်လစီကို ပြောင်းလဲဖို့ မျှော်လင့်နေပြီး သူဟာ ၃၁နှစ်ရှိပြီဖြစ်ပေမယ့် ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူအဖြစ်ရှိနေဆဲပါ။ အက်ရှလေဟာ ခုထိတော သူ့ကိုစိတ်ဝင်စားနေတဲ့ ကလပ်တွေနဲ့ စကားမပြောသေးပါဘူး။ သူပြောလဲ မပြောချင်ပါဘူး။ အသင်းကြီးတွေခေါ်လာခဲ့ရင်တောင်သူစိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူဟာ ချယ်လ်ဆီးမှာပဲ ကစားသမားဘ၀ အဆုံးသတ်ချင်ပြီး ချယ်လ်ဆီးအနေနဲ့ ဘယ်လိုအဆုံးသတ်မလဲ စောင့်ကြည့်ဦးမှာပါ။
တခြားသတင်းများအရ ချယ်လ်ဆီးနည်းပြဟောင်း ကာလို့အန်ဆလော့တီဟာ အက်ရှလေကိုးလ်အား ပီအက်စ်ဂျီအသင်းသို့ ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါသည်။
ချယ်လ်ဆီး၏ ပေါ်လစီကြောင့် ဒရော့ဘာဟာ ရှန်ဟိုင်းရှင်ဟွာသို့ ရောက်ရှိသွားသလို ယခုနှစ်သက်တမ်းကုန်ဆုံးမည့် လမ်းပတ်သည်လည်း LA Galaxy အသင်းသို့ ရောက်ရှိဖွယ်ရှိပါသည်။
copy from http://mmchelseafc.com/main/cole-recontract

No comments:

Post a Comment