Wednesday, October 3, 2012

ဒိန်းမတ်ကလပ်အား အနိုင်ကစားရန် ကစားသမားများအား သတိပေးလိုက်သည့် ဒီမက်တီယို



ချယ်လ်ဆီးမန်နေဂျာ ဒီမက်တီယိုသည် ယနေ့ညယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒိန်းမတ်ကလပ် နော့စ်ဂျေလန်အသင်းအား အနိုင်ကစားရန် အသင်းသားများအား သတိပေးလိုက်ပါသည်။ ယနေ့ညသာ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ဆင့်တက်ရန်ခက်ခဲသွားနိုင်ကြောင်း ဒီမက်တီယိုက ၀န်ခံခဲ့သည်။

ယနေ့ပွဲဟာ အုပ်စုပွဲမှာ အရမ်းကို အရေးပါတဲ့ပွဲပါ။ ကျွှန်တော်တို့ချယ်လ်ဆီးအသင်းရဲ့ ဥရောပအဝေးကွင်းရလဒ်တွေ အရင်နှစ်တွေက ထင်သလောက် မကောင်းခဲ့ပါဘူး။ ဒါကြောင့် ဒီနေ့အတွက် အနိုင်ဟာ အရေးပါပါတယ်။ အိမ်ကွင်းမှာ သရေကျပြီးတည်းက ဒီပွဲဟာ မဖြစ်မနေ အနိုင်ကစားဖို့လိုအပ်လာပါပြီ။
ချယ်လ်ဆီးဂိုးသမားပီတာဆက်ခ်ျကလည်း
ကျွှန်တော်တို့ ပွဲတိုင်းကို အနိုင်ကစားချင်ပါတယ်။ ဒါမှသာ ဖလားတွေကို ဆွတ်ခူးနိုင်မှာပါ။ နော့စ်ဂျေလန်အသင်းဟာ သူတို့ရဲ့ ချန်ပီယံလိဂ်ပထမဆုံးအိမ်ကွင်းပွဲမှာ ချန်ပီယံလိဂ်နဲ့ သူတို့ ထိုက်တန်ကြောင်း သက်သေပြဖို့ ကြိုးစားမှာ အသေအချာပါ။ ကျွှန်တော်တို့ အထင်သေးလို့မရပါဘူး။ ဒီည ဒိန်းမတ်ပရိတ်သတ်တွေကြားမှာ ခက်ခဲတဲ့ညတစ်ညဖြစ်မှာသေချာပါတယ်။

No comments:

Post a Comment