Friday, September 28, 2012

League Cup စတုထ္တအဆင့်တွင် ချယ်လ်ဆီးနှင့်မန်ယူ စတန်းဖို့ဘရစ်ခ်ျ၌ ထိပ်တိုက်တွေ့မည်


League Cup ခေါ် Capital One Cup စတုထ္တအဆင့်တွင် ပွဲစဉ်များ မဲခွဲဆုံးဖြတ်ခဲ့ရာ ချယ်လ်ဆီးအသင်းနှင့်
မန်ချက်စတာယူနိုက်တက်အသင်းတို့သည် စတန်းဖို့ဘရစ်ခ်ျ၌ အောက်တိုဘာလ(၃၀)ရက်(သို့)(၃၁)ရက်နေ့
တွင် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ၀ုလ်ဗ်အသင်းကို ၆-၀ ဂိုးဖြင့်လည်းကောင်း၊ မန်ယူအသင်းသည် နယူးကာဆယ်ကို
၂-၁ ဂိုးဖြင့်လည်းကောင်း တတိယအဆင့်တွင် အသီးသီးအနိုင်ရရှိခဲ့ပြီးနောက် ယခုကဲ့သိုတွေ့ဆုံခြင်းဖြစ်သည်။ လိဂ်ဖလားပြိုင်ပွဲတွင် နှစ်ဘက်အသင်းတွေ့ဆုံမှု သမိုင်းမှတ်တမ်းအရ ၁၉၇၀/၇၁ ခုနှစ် နှင့် ၂၀၀၂/၂၀၀၃ ခုနှစ် ကွာတားဖိုင်နယ်အဆင့်တို့တွင် မန်ယူအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းက၂၀၀၅ ခုနှစ် ဆီမီးဖိုင်နယ်တွင် နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ၄င်းဖလားကို ရယူနိုင်ခဲ့သည်။  ချယ်လ်ဆီးနှင့် မန်ယူတို့သည် အောက်တိုဘာလ(၂၈)ရက်နေ့တွင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်(၉)ကို စတန်းဖို့ဒ်ဘရစ်ခ်ျ၌ပင်
ကစားရမည်ဖြစ်၍ သုံးလေးရက်အတွင်း နှစ်ကြိမ်တွေ့ဆုံယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

copy from http://mmchelseafc.com/main/chel-man

No comments:

Post a Comment