Wednesday, August 13, 2014

ရော်နယ်ဒိုရဲ့ဂိုးတွေနဲ့ ဥရောပစူပါဖလား ဆွတ်ခူးတဲ့ ရီးရဲလ်

ရီးရဲလ် ၂-၀ ဆီဗီလာ
ရော်နယ်ဒို ၃၀၊ ၄၉

ပေါင် (၇၁)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ဂျိမ်းရဲ့ ဖန်တီးမှု ကို ဘေးလ် အသုံးမချနိုင်ခဲ့လို့ ပွဲချိန် (၁၉)မိနစ်မှာ ရီးရဲလ် ဂိုးရခွင့်ဆုံးရှုံးခဲ့ရသလို
နောက်(၂)မိနစ်အကြာမှာ ဗီတိုလိုရဲ့ ကန်ချက်ကို ကာဆီးလက်စ် ကာကွယ်နိုင်ခဲ့လို့ ဆီဗီလာ ဂိုးမရခဲ့တာပါ။
ပွဲချိန် မိနစ်(၃၀)အရောက် မှာတော့ ဘေးလ်ရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကတစ်ဆင့် ရော်နယ်ဒိုက (၆)ကိုက်အကွာကနေ အနီးကပ် ပိတ်သွင်းပြီး ရီးရဲလ်အတွက် အဖွင့်ဂိုးရယူပေးခဲ့သလို (၄၉)မိနစ်မှာလည်း ဘန်ဇီမာရဲ့ ဖန်တီးမှုကတစ်ဆင့် ရော်နယ်ဒိုက ဒုတိယဂိုး ထပ်သွင်းခဲ့ပြန်ပါတယ်။ ရီးရဲလ်အတွက် ပွဲစဉ်တစ်ပွဲတည်းနဲ့ အဆုံးအဖြတ် ခံယူတဲ့ နောက်ဆုံးပွဲစဉ် (၄)ပွဲမှာ ရော်နယ်ဒိုက (၅)ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

zaw tun

No comments:

Post a Comment