Friday, September 28, 2012

ဝုလ်ဗ်ကို ဂိုးပြတ်သွင်းယူပြီး League Cup စတုထ္တအဆင့်သို့ ချယ်လ်ဆီးတက်ရောက်


League Cup ခေါ် Capital One Cup တတိယအဆင့်ပြိုင်ပွဲအဖြစ် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း
စတန်းဖို့ဘရစ်ခ်ျ၌ ချန်ပီယံရှစ်အသင်းဖြစ်သည့် ၀ုလ်ဗ်အသင်းအား လက်ခံကစားခဲ့ရာ (၆)ဂိုး ဂိုးမရှိဖြင့်
ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး စတုထ္တအဆင့်သို့တက်ရောက်သွားသည်။ ယခုပွဲတွင် ဒီမက်တီယိုသည် ၄-၂-၃-၁

ကစားကွက်တွင် (၅)နေရာ အပြောင်းအလဲပြုလုပ်ခဲ့ရာ ဂိုး တန်ဘူးလ်၊ ညာနောက်ခံတွင် ဆီဇာ၊ ကွင်းလယ်
အဖျက်တွင် ရိုမီယူ၊ ကွင်လယ်ညာတောင်ပံတွင် မော့ဆက်၊ ကွင်းလယ်တိုက်စစ်တွင် ပီရာဇွန်တို့ကို ပွဲထုတ်
ကစားခဲ့ပြီး တောရက်စ်ကို အထောင်တိုက်စစ်မှူးအဖြစ် (၇၈)မိနစ်အထိ အသုံးပြုသွားခဲ့သည်။

ယခုပွဲကို မည်သည့် TV လိုင်းမှမပြသကဲ့သို့ အင်တာနက် Live Stream များတွင်လည်း link များမရှိခဲ့၍
ထူးခြားခဲ့သည်။ Highlight ပြသချက်အရ ပထမဂိုးကို ပွဲအစ(၃)မိနစ်ကျော်ကျော်တွင် တည်ကန်ဘောမှ
တစ်ဆင့် ကားဟေးလ်က ခေါင်းတိုက်သွင်းယူသွားခဲ့သည်။ နောက်ထပ် (၃)မိနစ်အကြာတွင် ဒုတိယဂိုးကို
ဘားထရန့်က ဧရိယာထဲမှ အပြင်းကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးမှာ ပီရာဇွန်၏ စွမ်းဆောင်ရည်
ကောင်းမွန်မှုကြာင့် ဖြစ်သည်။ တတိယဂိုးကို မာတာနှင့် တောရက်စ်တို့ ၀မ်းတူးအပေးအယူလုပ်ပြီး
မာတာက လှလှပပသွင်းယူပေးခဲ့သည်။

ပွဲတစ်ပွဲလုံးကို ချယ်လ်ဆီးအသင်းကသာ စိုးမိုးထားပြီး ဒုတိယပိုင်းတွင်လည်း (၃)ဂိုးဆက်သွင်းယူခဲ့ရာ
မော့ဆက်ကြောင့် ရသည့်ပင်နယ်တီကို ရိုမီယူကလည်းကောင်း၊ ထောင့်ကန်ဘောမှတစ်ဆင့် တောရက်စ်က
ခေါင်းတိုက်ယူ၍ လည်းကောင်း၊ နောက်ဆုံးဂိုးကို မော့ဆက်က မြေစိုက်ခေါင်းတိုက်၍လည်းကောင်း
အသီးသီးသွင်းယူသွားခဲ့သည်။ ယခုပွဲတွင် မော့ဆက်နှင့် ရိုမီယူတို့သည် ချယ်လ်ဆီးအသင်းအတွက်
၎င်းတို့၏ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ကြခြင်းဖြစ်သည်။ စတုထ္တအဆင့်ပွဲစဉ်များကို စက်တင်ဘာလ
(၂၆)ရက်ဗုဒ္ဓဟူးနေ့တွင် မဲနှိုက်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။

copy from http://mmchelseafc.com/main/league-cup

No comments:

Post a Comment