Saturday, August 23, 2014

“မဟာချိုင်ပုဇွန်အခွံခွာသည့်စက်ရုံတွင်ရောင်းစားခံရသူ၁၉ဦးအား ပူးပေါင်းအဖွဲ့ကကယ်တင်”



၂၀၁၄ ခု  သြဂုတ်လဘ ၂၂ ရက်
ဆန်းဦး
            မဟာချိုင်မြို့ဝတ်ကျက် ဆာဟာခွန် စွယ်စီမတ် တွင် တစ်လနီးပါး ရောင်းစားခံခဲ့ရသည့် မြန်မာအလုပ်သမား
၁၉ဦးတို့အား မြန်မာသံရုံး၊ FED,MAT နှင့် မဟာချိုင်ရဲတပ်ဖွဲ့တို့ က ပူးပေါင်း၍ ကယ်ထုတ်၍ နယ်စပ်သို့ ပြန်လည် ပို့ဆောင်နေကြောင်း သိရှိရသည်။
             ဧရာဝတီတိုင်း ကြည်တိုင်ကုန်းရွာသား အများစုပါဝင်သော အမျိုးသမီး၆ဦးနှင့်အမျိုးသား၁၃ဦးတို့အား
တရွာတည်းနေထိုင်ကြသည့် ပွဲစား၂ဦးက  အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ ခုနစ်သိန်းနုန်းဖြင့် မဟာချိုင်သို့
ဇူလိုင်လ ၂၄ ရက်နေ့က ပို့ဆောင်ပေးခဲ့သည်။ အလုပ်သမားတို့သည်နံနက်စောစော၆နာရီမှညနေ၄ နာရီအထိ လုပ်ကြရသည်ဟုဆိုသည်။
             ထို့ကြောင့် နေရပ်ရင်း မိဘများထံသို့ ရောင်းစားခံနေရကြောင်း သတင်းပေးပို့ခဲ့သဖြင့် တရားမ၀င် လူကုန် ကူးမှုဖြင့် တရွာတည်းနေ ပွဲစား ကိုဆန်းဦးနှင့် ကိုဌေးအောင် တို့အား ပျော်ဘွယ်မြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားခဲ့ပြီ
ဖြစ်ကြောင်းပျော်ဘွယ်ရဲစခန်းမှ ပေးပို့လာသည့်စာအရ သိရှိရသည်။
       
ထိုရဲစခန်းမှ MAT အဖွဲ့သို့ အချက်အလက်များ ရေးသားပေးပို့၍ အကူညီတောင်းခံလာခဲ့ပြီးနောက် ထိုင်းတောင် ပိုင်းအခြေစိုက် FED အဖွဲ့ဖြင့် ညှိနှိုင်းခဲ့ကြသည်။ ထို့နောက် အချက်အလက်များရယူစု ဆောင်ခဲ့ပြီး မြန်မာသံရုံးမှ လိုအပ်သည့် စာရွက်စာတမ်းများရယူခဲ့ပြီး စနစ်တကျ စီစဉ်နိုင်ခဲ့ကြခြင်းဖြစ်ပါသည်။
          ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “သဘောတူပြီးလာကြတာ၊ ဒီရောက်တော့ ပုံစံတစ်မျိုးဖြစ်နေတယ်။ ထိုင်းမှာသတ်မှတ်ထားတဲ့ လူကုန်ကူးမ ဘောင် ထဲ လည်းမ၀င်ချင်သလိုဖြစ်နေတယ်။ ပိတ်လှောင်ထားတာတို့၊ ရိုက်နှက်တာတို့ အခြားအကြမ်းဖက်မှု တစ်ခုခုဆိုရင် ကျနော်တို့ကိုင်တွယ်ရတာတမျိုးပေါ့။ဒါပေမယ့်အလုပ်သမားတွေက ပြန်မယ်၊ပို့ပေးပါလို့အမြဲပြောနေတယ်။ ပျော်ဘွယ်
ရဲစခန်းကလည်း ဖုန်းမကြာမကြာဆက်ပြီးအကူညီတောင်းခံပါတယ်။ MAT ရုံးတာဝန်ခံ ကိုစိုင်းအေးက သံရုံးစာရွက် စာတမ်းတွေနဲ့ မဟာချိုင်ရဲစခန်းကို သဘောပေါက် အောင်ရှင်းပြ အကူညီ တောင်းပြီး လုပ်ကြရတာပါ။ပူးပေါင်းဆောင် ရွက်မှုရလာဒ်ကောင်းတွေပါ” ဟုပြောသည်။
ယနေ့ပြန်ပို့လိုက်သူများမှာ………………….
(၁) မမြင့်မြင့်စန်း ၁၈နှစ် (ဦးဖုန်း+ဒေါ်အုန်း) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၂) မထက်နွယ်စိုး ၁၉နှစ်(ဦးသောင်းရင်+ဒေါ်တွန်) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၃) မသီတာဝင်း ၁၉နှစ် (ဦးညွန့်လှိုင်+ဒေါ်မသန်း) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၄) မဖြူမ ၁၉နှစ် (ဦးတင်လှိုင်+ဒေါ်အုန်းမြ) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၅) မအုန်းခိုင် ၂၉နှစ်(ဦးအောင်သိန်း+ ဒေါ်တင်လှ) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊   
(၆) မထွေး ၂၉နှစ်( ဦးကျော်မောင်+ဒေါ်ရွှေကျင်)  ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၇) ဇေါ်ထွန်းဦး ၂၀နှစ်( ဦးမောင်ညွန့်+ဒေါ်ညွန့်ညွန့်) ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာ၊
(၈) နေမောင် ၂၁နှစ် ( ဦးအောင်သိန်း+ဒေါ်တင်လှ) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၉) ဆန်းမင်းအောင်၂၂နှစ် (ဦးဝါး+ဒေါ်အုန်းနှစ်) မကွေးတိုင်း၊ပေါက်မြိုင်မြို့နယ်၊ သာဝတ္တိမြို့၊       
(၁၀)  မင်းမင်းစန်း ၂၅နှစ် (ဦးသွန်သန်း+ဒေါ်တင်ညွန့်) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊    
(၁၁) ၀င်းမြိုင် ၂၅နှစ် ( ဦးကျော်ဝါး+ဒေါ်ပု) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၁၂) ဇေါ်မင်း ၂၅နှစ် (ဦးဖိုးတော်+ဒေါ်လှကြင်) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၁၃) ၀င်းစိုး  ၂၆နှစ် (ဦးပွားကြီး+ဒေါ်ယဉ်ဆိုင်) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၁၄) စိုးမင်းအောင် ၂၆နှစ်( ဦးကြည်တုတ်+ဒေါ်သန်းမြင့်) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၁၅)၀င်းဆိုင်၂၉နှစ်(ဦးကျော်သောင်း+ဒေါ်ခင်မြင့်)ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ်၊ကြည်တိုင်ကုန်းအုပ်စု၊မြင်းတဲရွာ 
(၁၆) မျိုးမြင့် ၃၀နှစ် (ဦးအောင်စိန်+ဒေါ်ပု) ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ်၊တောင်လယ်ကျေးရွာ၊
(၁၇)၀င်းပိုင် ၃၁နှစ်(ဦးကျော်သောင်း+ဒေါ်ခင်မြင့်)ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ်၊ကြည်တိုင်ကုန်းအုပ်စု၊မြင်းတဲရွာ၊
(၁၈) မျိုးလွင်ဦး ၃၁  နှစ်( ဦးအုန်းရွှေ+ဒေါ်ပေါက်) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊ 
(၁၉) ၀င်းခိုင် ၃၅နှစ် ( ဦးထွန်းအေး+ဒေါ်မွှေးတင်) ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကြည်တိုင်ကုန်းရွာ၊
           ဖြစ်ကြပါသည်။

         ယနေ့ ပြန်လည်ပို့ဆောင်သူများအား နံနက်ပိုင်းတွင် မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ (မြ၀တီ)သို့ MATအဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေးက အပ်နှံမှာ ဖြစ်ကြောင်း ဆက်သွယ်သတင်းပို့ထားပြီး လည်းဖြစ်သည်။
          MAT အဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံခဲ့ရသူပေါင်း၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင်  ၂၉၂ ဦးနှင့် ၂၀၁၃  ခုနှစ်တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပါသည်။ ယခု၂၀၁၄ ခုနှစ်တွင် ယခုအမှုအပါအ၀င်လူကုန်ကူးမှုနှိမ်နင်း
ခြင်း ၂၆ကြိမ်အနက် လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားပေါင်း ၁၁၇ ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
တပြိုင်တည်းတွင် လူကုန်ကူးသူပေါင်း ၁၀ဦးတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
 
ရွှေလုပ်သား

No comments:

Post a Comment