Friday, August 22, 2014

အချိန်ပိုင်းအလုပ်လိုချင်သူတွေအတွက် အခွင့်အလမ်းတစ်ခုပါ

 ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ချင်သူတွေ၊ ဝင်ငွေမလောက်တဲ့သူတွေ အချိန်ပိုင်းအလုပ်ရဖို့ အခွင့်အလမ်းတစ်ခု ပေါ်လာပါပြီ။ ဂျပန်နိုင်ငံက BNG နဲ့ မြန်မာပြည်က Myanwave တို့ပူးပေါင်းပြီး Charmya Project ကနေ ဆောင်ရွက်ပေးတော့မှာပါ။
အလုပ်အတွေ့အကြုံမရှိလို့ အလုပ်ရဖို့ခက်နေသူတွေနဲ့ လက်ရှိလစာငွေနဲ့ မလုံလောက်လို့ အပိုဝင်ငွေရှာချင်သူတွေအတွက် အချိန်ပိုင်းအလုပ်တစ်ခုရဖို့ ရည်ရွယ်တာပါလို့ ကိုအောင်မြင်သူကျော်က ပြောပါတယ်။ သူက မြန်မာစာသင်ကြားရေးမှာ မန်နေဂျာတာဝန်ယူထားသူပါ။ ကဲ Charmya ပရောဂျက်က ဘာလုပ်ရမှာလဲ။
အလုပ်ရဖို့ ထရိန်နင်အရင်ပေးပြီး အရည်အချင်းစစ်ပြီးမှ အလုပ်ပေးပါတယ်။ လုပ်ရမယ့်အလုပ်က နိုင်ငံခြားသားတွေကို မြန်မာစာသင်ကြားပေးရတာဖြစ်ပြီး အိမ်တိုင်ရာရောက်ပဲဖြစ်ဖြစ် မိန်းကလေးတွေအတွက်တော့ ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ် သင်ကြားပေးရတာပါ။

အင်္ဂလိပ်စာပြတဲ့အပိုင်းကိုတော့ တိုမိုဟီယိုက တာဝန်ယူထားပါတယ်။ တိုမိုက သူတို့ပရောဂျက်မှာ ပါဝင်စေချင်တဲ့ အဓိကရည်ရွယ်ချက်ကတော့ စိတ်အားထက်သန်ပြီး အလုပ်ကြိုးစားသူတွေကသာ အပြောင်းအလဲကို လုပ်ဆောင်နိုင်မှာဖြစ်တာမို့ ဒီလူတွေအတွက် ကူညီထောက်ပံ့ချင်တာပါလို့ ဆိုပါတယ်။

ဒီလို အချိန်ပိုင်းအလုပ်ရဖို့ သင်တန်းပေးရတာကိုပဲ ကျေနပ်နေတဲ့ တိုမိုကတော့ အချိန်မလေးစား၊ ယဉ်ကျေးမှုမရှိဘဲ အပျင်ထူကြသူတွေရှိတာကြောင့် Attitude ကို အဓိကထားပြီး စည်းကမ်းရှိဖို့သင်ပေးတယ်လို့ ဆိုပါတယ်။
4511
အချိန်ပိုင်းအလုပ်အတွက် လေ့ကျင့်သင်တန်းပေးတာကတော့ တနင်္လာကနေ သောကြာအထိ ညနေ ၇နာရီနေ ၈နာရီဖြစ်ပါတယ်။ စနေ-တနင်္ဂနွေဆိုရင်တော့ မနက် ၁ဝနာရီကနေ ၁၂နာရီအထိ ဖြစ်ပါတယ်။

kamayutmedia

No comments:

Post a Comment