Friday, August 22, 2014

ဇာထိုးပန်းထိုး အိမ်တွင်းမှုလုပ်ငန်း ဝါယာရှော့ ဖြစ်ကာ မီးလောင်မှုဖြစ်

ရန်ကုန်၊ သြဂုတ် ၂၂

၂၁.၈.၂၀၁၄ရက်နေ့ ၁၆၃၅အချိန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဦးဖိုးလတ်လမ်းရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အား ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်နေ ကိုဇော်မျိုးသန့်မှ ငှားရမ်းနေထိုင်ပြီး ဇာထိုးပန်းထိုး အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိရာ ၎င်းလုပ်ငန်းခွင်တွင် အသုံးပြုသော လျှပ်စစ်မီးပူ ဝါယာကြိုး အပူရှိန်လွန်ကဲ၍ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၁၁)စီးရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၇၀၀အချိန်တွင် မီးငြိမ်း သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ဇာထိုးပန်းထိုးစက် (၂)လုံး၊ အဝတ်အထည်များနှင့် မျက်နှာကျက် အထပ်သားများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။

ယင်းသို့ လျှပ်စစ်မီးပေါ့ဆစွာအသုံးပြုသူ ကိုဇော်မျိုးသန့်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း(ပ) ၄၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


No comments:

Post a Comment