Saturday, August 23, 2014

သရဖူလွှဲခွင့် အပေးမခံရတဲ့ အလှမယ်ရဲ့ ရင်ဖွင့်ချက်


စာချုပ်ပြည့် သွားပြီဖြစ်တဲ့ အတွက် လွတ်လွတ် လပ်လပ်နဲ့ နေလို့ရပြီ” ဟု ခင်ဝင့်ဝါက ပြောသည်။
 ”အရင်ကတော့ အော်ဂနိုက်ဇေးရှင်း ကတစ်ဆင့် ပြီးမှ သွားတယ်။ ဘာပဲလုပ်လုပ် ညီမတို့ အမြဲ တင်ပြခဲ့တယ်။ အခုတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်ပြီလေ” ဟု ခင် ဝင့်ဝါ က ပြောသည်။

စာချုပ်သက်တမ်း တစ်နှစ်ပြည့်ဖို့ လပိုင်း အလိုတွင် အော်ဂနိုက်ဇေးရှင်း ဘက်က သရဖူလွှဲခွင့် မပေးသည့်အပေါ် စိတ်မကောင်းခြင်း မှလွဲ၍ အားလုံး အဆင်ပြေ နေ သည်ဟု ၄င်းထံမှ သိရသည်။
 ”ညီမကတော့ လွှဲခွင့် မပေးလည်း မလွှဲရုံပေါ့။ ရှေ့ဆက်ပြီး ကိုယ့်အနုပညာ နဲ့ ရလာတဲ့ အကျိုးအမြတ် ထဲက စုပြီး ပရဟိတ ကို လုပ်သွားမှာပါ။ ညီမက Miss တစ်ဦး ဆိုတာ ကိုယ့်ကိုယ်ကိုယ် မမေ့ပါ ဘူး”ဟု ၄င်းက ပြောသည်။
ခင်ဝင့်ဝါက လတ်တလောမှာ ရိုက် ကူးရေး ခဏရပ်ထားပြီး ၉ လပိုင်းတွင် နေတိုးနှင့် ဇာတ်ကားပြန် ရိုက်မည်ဖြစ်သည် ဟု သိရသည်။
”ဟာသကား ဆန်ဆန်ပဲ ဖြစ်မှာပါ။ ညီမ အနုပညာရော၊ ပရဟိတရော လုပ်တဲ့ အခါ ပရိသတ်ကို အသိပေးပြီး လုပ်မှာပါ”ဟု ၄င်းက ဆိုသည်။
Popular News

No comments:

Post a Comment