Friday, August 22, 2014

နိုင်ငံတကာပြိုင်ပွဲငါးခုအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ငါးဦးထွက်ပေါ်

ရန်ကုန် သြဂုတ် ၂၁

နိုင်ငံတကာအဆင့်မီ အလှမယ် ပြိုင်ပွဲငါးခုသို့ သွားရောက်ယှဉ်ပြိုင် ရန်အတွက် မြန်မာအလှမယ်ငါးဦး ရွေးချယ်ပွဲကြီးကို သြဂုတ် ၂၁ ရက် ည ၉ နာရီက ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပသည်။
အလှမယ်များ ရွေးချယ်နိုင်ရန် ဖေဖော်ဝါရီလမှစတင်ကာ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးငယ်များ၏ လျှောက်လွှာများကို လက်ခံပေးခဲ့ပြီး လျှောက်လွှာရှင် ၄၆၄ ဦး အနက်မှ ယှဉ်ပြိုင်ပွဲများအဆင့်ဆင့်ကျင်းပကာ အလှမယ်ငါးဦးကိုရွေးချယ်နိုင်ခဲ့ပြီဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ CEO ကိုဝေယံ အောင်ကပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် Miss Earth ပြိုင်ပွဲအတွက် မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ် အိမွန်ခိုင် ကလည်းကောင်း၊ ပိုလန်နိုင်ငံ၌ကျင်းပမည့် Miss Supranational ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဟန်သီကလည်းကောင်း၊ ထိုင်းနိုင်ငံ၌ကျင်းပမည့် Miss Grand International ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အမ်ဂျာဆိုင်း ကလည်းကောင်း၊ ဂျော်ဒန်နိုင်ငံ ၌ကျင်းပမည့် Miss Intercontin-ental ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အိန်ဂျယ်လမုန်းကလည်း ကောင်း၊ ထိုင်ဝမ်၌ကျင်းပမည့် Face of Beauty International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဟယ်လင်မျိုးကိုက လည်းကောင်း အသီးသီး သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

အမျိုးသမီးများ၏ လှပကြော့ ရှင်းမှု၊ ကျန်းမာကြံ့ခိုင်မှု၊ ကိုယ်ရည် ကိုယ်သွေးမြင့်မားမှု၊ ပရဟိတ စိတ်ဓာတ်နှင့် စာရိတ္တမြင့်မားကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ နိုင်ငံတကာအဆင့်မီ ဘာသာစကား နှင့် ဆက်ဆံရေး အတတ်ပညာ၊ အနုပညာနှင့် အခြားကိုယ်စိတ် နှစ်ပါးဆိုင်ရာ အမျိုးသမီးကောင်း များအဖြစ် အဆင့်ဆင့်စိစစ်ရွေး ချယ်ခြင်းနှင့် လေ့ကျင့်သင်ကြား ခြင်းများကို ပြုလုပ်ခဲ့ပြီး စနစ်တကျ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း Miss Golden Land မြန်မာအလှ မယ်ဟန်သီက ပြောကြားသည်။

ဆုကြီးငါးဆုအပြင် Misso- logist's ဆုကို ဟန်သီက လည်းကောင်း၊ Media's Choice ဆုကို အိန်ဂျယ်လမုန်းကလည်းကောင်း၊ Social Media Presentation ဆုကို သန္တာကိုကလည်းကောင်း၊ Top Model ဆုကို သင်းသဲဗိုလ်က လည်းကောင်း၊Best in Talent ဆုကို ဟယ်လင်မျိုးကိုကလည်း ကောင်း၊ Best in Evening Crown ဆုကို အိမွန်ခိုင်ကလည်းကောင်း၊ Myanmar's Choice ဆုကို ဟန်သီကလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

သတင်း-ခင်ရတနာ
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

No comments:

Post a Comment