Friday, August 22, 2014

မြန်မာလူငယ်တွေ စစ်အာဏာရှင်တွေအလိုကျ စာမဖတ်ကြတော့တာလား

မြန်မာလူငယ်တွေ စာဖတ်အသင်းတို့ စာကြည်တိုက်တို့ ထူထောင်မယ်ဆိုတာနဲ့ အရင်ဆုံး ဖြိုခွင်းဖို့ကြိုးစားတာက အာဏာပိုင်တွေပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်ဖိအားပေးမှုအောက်မှာ စာမဖတ်တော့တဲ့မျိုးဆက် ပေါ်ထွက်လာပြီး စာကြည့်တိုက်ယဉ်ကျေးမှုလည်း ဗုန်းဗုန်းလဲခဲ့ရပါတယ်။ အခုကော မြန်မာတွေ စာဖတ်ကြရဲ့လား။
မြန်မာအစိုးရသစ်လက်ထက် စာကြည့်တိုက်လုပ်ငန်းတွေ လုပ်ကြသူအများစု နားမလည်တဲ့သူတွေက တာဝန်အရ လုပ်နေကြတာမို့ လူထုကြားမှာ အသက်မဝင်လာဘူးလို့ ပန်းချီအိမ် ရွေ့လျားစာကြည့်တိုက်က ကိုမောင်မောင်စိုးက ပြောပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာဟာ အဲဒီခေတ်က စာဖတ်တဲ့မြန်မာလူငယ်တွေကြောင့် ဖြစ်ပြီး စာကြည့်တိုက်ယဉ်ကျေးမှုနဲ့ စာဖတ်တဲ့အလေ့အကျင့်ဟာ လူတစ်ယောက်ချင်းကိုသာမက နိုင်ငံတစ်ခုလုံးကိုပါ ပြောင်းလဲသွားစေနိုင်အောင် အရေးပါတယ်လို့ ပြောလာသူကတော့ ဆရာနေလင်းအောင်ပါ။

စာကြည့်တိုက်ဖွင့်ထားတဲ့ ၂နှစ်ကျော်နေပေမယ့် သူ့သင်တန်းကျောင်းက ကျောင်းသား ၁ဝ%လောက်ပဲ စာဖတ်ကြပြီး ဖျော်ဖြေရေးတွေ များလာလို့ လူငယ်တွေ စာမဖတ်ကြတော့ဘူးလို့ ပြောပါတယ်။
၂ဝဝ၆ခုနှစ်က မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ကျဆုံးခဲ့တဲ့ ကျောင်းသား ကိုသက်ဝင်းအောင်အတွက် အထိမ်းအမှတ်စာကြည့်တိုက်ရဲ့ တာဝန်ခံအဖြစ်လည်း ဆောင်ရွက်နေတဲ့ ကိုမောင်မောင်စိုးဟာ အာဏာပိုင်တွေရဲ့ နှောင့်ယှက်မှု၊ စောင့်ကြည့်မှုတွေကြားက အခက်အခဲတွေကို ကျော်ဖြတ်ပြီး စာအုပ်အငှားဆိုင်အဖြစ် ရပ်တည်ခဲ့ရသူဖြစ်ပါတယ်။

စာဖတ်တာဟာ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားတွေကို ပြောင်းလဲသွားစေပြီး ဘဝအတွေ့အကြုံတွေကို စာအုပ်စာပေတွေကနေ သင်ယူနိုင်တယ်လို့ ယုံကြည်သူက ကျောင်းသူလေး နန့်ဂျူလီယာပါ

 kamayutmedia

No comments:

Post a Comment