Wednesday, August 20, 2014

စိန်ခေါ်မှု တစ်ခု အနေနဲ့ ရုပ်ရှင် ရိုက်မယ့် Bobby Soxer


“စိန်ခေါ်မှု တစ်ခု လို့လည်း ပြော လို့ရတယ်။ ရုပ်ရှင် ကားကြီးဖြစ်နေတဲ့ အတွက် ပိုပြီးတော့လည်း တာဝန်ကြီး တယ်။ ကျောင်းသား ကားလေးဖြစ်နေ တဲ့အခါ ကျတော့ အမှတ် တရ လည်း ဖြစ်မယ်။ ကိုယ်တွေလည်း စည်းစည်း လုံးလုံးလေးနဲ့ လုပ်ကြည့် ချင်လို့ပါ” လို့ ပြောလာသူက ဘိုဘိုအင်တာ တိန်းမန့် ကနေ ဒါရိုက်တာ ဝင်းလွင် ထက် ရဲ့ပုံဖော်မှုကို လွှမ်းပိုင်၊ ရဲရင့် အောင်၊ နန်းမြတ်ဖြိုးသင်း တို့နဲ့အတူ ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီး မှာ ပါဝင် သရုပ်ဆောင်မယ့် ဟစ်ဟော့ပ် အဆိုတော် မလေး Bobby Soxer ပါ။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရေးအနုပညာ ပွဲတော်မှာ လူရွှင်တော် လုပ်ခဲ့ဖူးတဲ့ Bobby Soxer က သရုပ်ဆောင်မှု အနုပညာနဲ့ ပတ်သက် ပြီး ကြိုတင် လေ့လာရမယ့် အကြောင်း ကို “ညီမက အဆိုတော် တစ်ယောက် အနေနဲ့ ဓာတ်ပုံ ရိုက်ရင်တောင် ကိုယ့် Theme ကို မပျောက်အောင် အမြဲ တမ်းလုပ်တယ်။ ဒါပေမဲ့ သရုပ် ဆောင်ကျတော့ ညီမ ပုံစံလုံးဝပျောက် အောင်လုပ်ရမှာ။ ဆန့်ကျင်ဘက် အလုပ်နှစ်ခုဖြစ်တဲ့ အတွက် ဇာတ်လမ်း တွေ ဘာတွေ ထွက်လာလို့ ရှိရင် ပြင် ဆင်စရာ ရှိတာပြင်ဆင် ရမှာပေါ့။
ဘာပဲပြော ပြော ရုပ်ရှင် လည်းဖြစ်တယ်။ လူတွေ လည်း အများ ကြီး ကြည့်ကြမှာ။ ချီးမွမ်း မခံ ရရင်တောင် အပြစ်ပြောမခံရအောင် ညီမ ကြိုးစားသွားမှာပါ” လို့ Bobby Soxer က ဆိုပါတယ်။ တစ်ကိုယ်တော် အခွေ အတွက် ပြင် ဆင်နေတာ တစ်ဝက်လောက် ပြီးစီးသွား ပြီဖြစ်တဲ့ Bobby Soxer က အောက်တိုဘာလလောက် မှာထွက်နိုင်အောင် ကြိုး စားနေကြောင်း သိရပါတယ်။ သူမရဲ့ တစ်ကိုယ်တော် အခွေနဲ့ ပတ်သက်ပြီး Bobby Soxer က “ညီမရဲ့ တစ်ကိုယ် တော်အခွေမှာ ကအမြူးနဲ့အ ချစ် သီချင်း တွေပဲ များတယ်။
လောလောဆယ်မှာက အချစ်သီချင်း တွေပဲပြီး သေးတယ်။ သီချင်းအမြူးတွေက ကျတော့ ရှိုးမှာ ပရိ သတ်နဲ့ထိတွေ့ရမှာဖြစ်တဲ့အတွက် အချိန် ယူပြီး သေသေချာချာ စဉ်းစားပြီး ရေးရမှာ ဖြစ်တဲ့အတွက် မပြီးသေးဘူး။ ဘာပဲဖြစ်ဖြစ် သီချင်း တစ်ပုဒ်စီ၊ တစ်ပုဒ်စီ တိုင်းကို ပရိသတ် ကျေနပ်အောင် ညီမ ကြိုးစားပြီး လုပ် နေ ပါတယ်” လို့ ပြောပါတယ်။ 

Popular News

No comments:

Post a Comment