Wednesday, August 13, 2014

နားရွက်မပါတဲ့ကလေးအတွက် နံရိုးကနေ နားရွက်ဖန်တီး တပ်ဆင်

 မွေးကတည်းက နားရွက်ပါမလာခဲ့တဲ့ ဗြိတိန်ကလေးငယ်တစ်ဦးကို သူ့ရဲ့ နံရိုးကနေ နားရွက်တစ်စုံဖန်တီးတပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
လန်ဒန်မြို့ရှိ Great Ormond Street ဆေးရုံက ခွဲစိတ်ဆရာဝန်တွေက ကီရင်ဆော်ကင်း(၉နှစ်) ရဲ့နံရိုးတွေကနေ အရိုးနုလေးတွေကို ထုတ်ယူပြီး ဖြတ်တောက် ပုံသွင်းကာ ပြန်ဆက်ချုပ်ပေးခဲ့တာဖြစ်ပါတယ်။
` ကျနော့်သူငယ်ချင်းတွေလို နေချင်တာပေါ့။ နေကာမျက်မှန်တွေ၊ နားကြပ်တွေ တပ်ချင်တာပေါ့´ လို့ ကီရန်က ပြောပါတယ်။
သူဟာ နားရွက်ရှိရမယ့် နေရာမှာ အတွန့်ငယ်လေးတွေသာ မွေးကတည်းကပါလာခဲ့ပြီး နားမကြားနိုင်ခဲ့သူဖြစ်ပေမယ့် နားကြားကိရိယာထည့်သွင်းခဲ့ တဲ့ ပထမခွဲစိတ်မှုကျေးဇူးကြောင့် နားကြားနိုင်နေပြီဖြစ်ပါတယ်။ အခုနားရွက်တပ်ခွဲစိတ်မှု ကတော့ အလှသက်သက်အတွက်သာဖြစ်ပြီး အကြားအာရုံအတွက် တော့ တစ်စုံတရာ အကျိုးပြုမှာ မဟုတ်ဘူးလို့ ခွဲစိတ်ဆရာဝန် နေးလ်ဘူစထရော့ ကပြောပါတယ်။

ဘာသာပြန်သူ--- ယွန်းစန္ဒီနန်းမွန်   Kumudra
Ref: BBC

No comments:

Post a Comment