Sunday, August 10, 2014

“MOU နဲ့လာတဲ့အလုပ်သမား၁၅ဦး ထောင်၅၈ ရက်ကျပြီးလွတ်လာတာတစ်လပြည့်ခါနီးပြီးအလုပ်မရှိသေး”

မောင်ပေါ်ထွန်း  ဘန်ကောက်
     ၀ါသနာအရ စာတိုပေစ ပြည်တွင်းက သတင်းဂျာနယ်တချို့ ကို ဆောင်းပါးလေး သတင်းလေးရေးပို့။ မင်းနေပြည်တော် တိုင်း ဌာနီက ကျော်သောင်း ကို မျက်စိစပါးမွေး စူးသူတွေက… ဒီကောင် ကို ဘယ်သူထောက်ပံ့ထားသလဲ။ ဒီကောင် ဘာအထောက် အ ထားနဲ့ ထိုင်းမှာ နေထိုင်သလဲလို့ မေးမြန်းကြသတဲ့။ မများသော အမြင်မှန်သမား တစ်စု ကတော့ ကျော်သောင်း ရှိနေလို့ အလုပ် သမားတွေ အထောင်း သက်သာနေ တာ လို့ အဆင်းဘီး တပ်ပေး ကြပြန်သတဲ့။ ဟာ ဟ….
မလေးရှားနယ်စပ် စတုန်မှာ ဘောစကိုင်းရွက်ကို ပြုတ် စားကြရတဲ့အလုပ် သမား၂၆ ယောက်ကိစ္စ၊ဖြစ်ရပ်မှန်ကို  အင်….. အလုပ်ခံရလို့ နောက်ဆက်တွဲ   ဖြစ်ပျက်နေတာတွေကို မတင်ပြ   တော့ဘူးလို့ ပြည်သူကိုသတင်း အမှောင် ချပြီးနှပ်နေ တာ။


အမှန်တရားကိုရှာဖွေတာ မြစ်ကို အလျားလိုက်ကူးသလို လှိုက်ဖို   မောဟိုက်ပေမယ့် အမှန်တရားရှာဖွေရေး ခရီးက မဆုံးနိုင်။ အထူးသဖြင့်အတုံးလိုက်အတစ်လိုက် လာဘ် စားနေတဲ့ အလုပ် သမားဝန်ကြီးဌာနနဲ့ ငွေရှိတဲ့ လူကုန်ကူး ဂိုဏ်းသားတွေနဲ့ ပူးပေါင်းပြီး သကာလ၊ မြန်မာလူငယ်တွေကို ပါကင်ထုတ်ပြီး လူကုန်ကူးနေကြတဲ့ ကိစ္စ။ ကျုပ်လိုကောင်ကိုထား၊ အမေရိကန်   ပြောလဲ ဂရုစိုက်ကြမှာမဟုတ်ဘူး ။သဟာကြောင့်သတင်းအဖြစ် လည်းမရေးချင်တော့ဘူး။ ဆောင်းပါးအဖြစ် လည်း   လေမရှည် ချင်တော့ဘူး။
 
            သို့ပါသော်ငြား ပေရှည်တဲ့ MAT အဖွဲ့ရဲ့အတွင်းရေးမှူး ကိုခိုင်ကြီးက သံအမတ်ကြီးကိုသွားပြီး သံတော်ဦးတင်လိုက်တော့။ သဟာဖြင့် နဲနဲဖြစ်ဖြစ် ရေး လိုက် အုံးမှ ဆိုပြီး ဖြစ်ရပ်ကလေး ကို တွံထွေးဆွတ်လိုက်ရတော့တယ်ဗျာတို့………
             Moe Moe Family ကုမ္ပဏီ   က  မြန်မာအလုပ်သမား ၄၇ဦး ကို၂၀၁၄ ခုမတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာခဲ့တယ်။ အလုပ်သမား တစ်ယောက်ကို ကျပ်ငွေ ၃၇၅,၀၀၀ စီပေးခဲ့ကြရတယ်။ အလုပ်သမားတွေရဲ့ ပတ်စပို့တွေ ကလည်း အလုပ်သမားဝန်ကြီးဌာနက တားမြစ်ထားတဲ့ အလည် ဗီဇာ PV နဲ့ဖြစ်နေတယ်။ 

MOU ကုမ္ပဏီတွေရဲ့ထုံးတမ်းစဉ်လာအတိုင်း ကားပေါ်မှာတင်ပြီး လူတွေကို လိုက်ရောင်း တယ်။ ပထုန်ဌာနီမှာ၂၅ယောက်ချခဲ့တယ်။ ၇ ယောက်ကတစ်နေရာမှာ ထားခဲ့ပြီး ကျန်တဲ့ဧရာဝတီတိုင်း   မြန်အောင်မြို့နယ်ကအလုပ်သမား၁၅ ယောက်ကို ပါကျင်ဘူရီ ဈေးအနီးက ပန်းရံဆိုဒ်မှာ ချထားခဲ့တယ်။ အလုပ်စလုပ်ရတဲ့၂၃၊ ၅ ၊၂၀၁၄နေ့မှာဝပ်ပါမစ်မရှိလို့ဆိုကာ၊ပုလိပ်ဖမ်းပြီး ထောင်၅၈ ရက် ကျခံခဲ့ရတယ်။ 

၁၈၊ ၇၊ ၂၀၁၄ နေ့မှာ ထောင်ကလွတ်လာပြီးတော့ အဲဒီပန်းရံဆိုဒ် ကို ပြန်ရောက်   နေကြတယ်။ ယခုအထိ အလုပ် မလုပ်သးဘူး။ ဒီကနေ့မှာဖြင့် မိုးမိုးမိသားစုကုမ္ပဏီ ပိုင်ရှင် ဦးတင်စိုးရဲ့စက္ကထရီမချောလေး မဖြိုးဖြိုး က ဦးကျော်သောင်း အင်တာနက်မှာ တင်လဲ ဂရုမစိုက်ဘူး၊ ဦးသိန်းစိန် သွားတိုင်းလည်း ဘာမှမဖြစ်ဘူး။နင်တို့ ခါးတစ်ထည် ကိုယ်တစ်ခု တည်းနဲ့ သုံးသုတ်ခွဲပြီးပန်းရံဆိုဒ်ကခိုးထွက်ခိုင်းသတဲ့။ ကျွတ်...ကျွတ်....
         ညဥ့်၁၀နာရီလောက်မှာ၊ တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ ကျွန်းထဲကို အလုပ် သမားတွေကို ပို့ထား ဖူးတဲ့ နာမည်ကြီးလူကုန် ကူးဂိုဏ်းက ဒါရိုက်တစ်တစ်ယောက်နဲ့ ဘာသာပြန်တို့ အလုပ်သ မားတွေကို လက်မှတ်လာထိုးခိုင်းတယ်။အလုပ်သမားတွေ ကလည်း ဘာမှန်းမသိမထိုးနိုင်ဘူးလို့ ငြင်းကြ တယ်။ ပတ်စပို့စာအုပ်ကိုရက် ၉၀ တုံးထုပြီး ကျနော်တို့လက်ထဲကို အပ်ပါ။ ငရဲခေါ်လည်းလိုက်မယ်။ ပတ်စပို့မပါပဲ အပြင်ထွက်ရင်   နောက်တစ်ခါ ထောင်နန်းစံရမယ့်အရေးတွေးလို့ ရင်လေးတာ   ကြောင့် မလိုက်နိုင်လို့ လျှောက်တင်ကြတယ်။ အနှီး ကျွန်းပို့ ဒါရိုက်တာကလည်း သံရုံးက အဘသံအရာရှိက ငါရောက်တာကို မယုံမှာစိုးလို့ ဓါတ်ပုံရိုက်ပြီး ပြန်ကြွသွား သတဲ့။ ငွေတောင်ပြည်ကို သုဓနုမင်းသား  ရောက်ရှိနေကြောင်း ဒွေးမယ်နော် သိအောင် လက်စွပ်ကိုရေအိုးထဲထည့်လိုက်သလိုပ။ ဟတ်..ဟတ်......
          ကျွန်းပို့ ဒါရိုက်တာကြီးမှာ ပါတဲ့ မွန်အမျိုးသားဘာသာပြန် က ကျော်သောင်း ကိုချီးမွှမ်းသွားတာကတော့။ ဒီလူကြောင့် ကုမ္ပဏီတွေ သက်သက်လိုက်ရှင်းနေရ တယ်။ သူက မင်းတို့ကို ဘာလာရှင်းပေးလို့လဲတဲ့။သံရုံးကိုဖုန်းဆက်၊ ကျော်သောင်းဆီ မဆက်နဲ့တဲ့။ ဘီယာသံနှော ပြောသွားတာ ဖုန်းအသံဖမ်းစက်မှာ ကွက်တိမှ ကွက်တိ။
           အလုပ်သမားတွေရဲ့ပတ်စပို့ စာအုပ်ကိုလည်း ရက်၉၀ တုံးမထုထားဘူး။ အဲဒီစာအုပ်ဘယ်မှာလည်းမသိကြဘူး။ Moe Moe Family ကုမ္ပဏီ  က ဒီလူတွေ ကို သာ အလုပ်သွင်းမပေးနိုင် တာ။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ က ကြက်သား အလုပ်ရုံ တစ်ခုကို အလုပ်သမား၂၀၀ တင်သွင်းလာခဲ့တယ်။ နောက်လည်း သွင်းခွင့် ရနေအုံးမှာပဲ။ Demand ကားက သံရုံးနားမှာရှိသဟ။
            မြန်မာအလုပ်သမားသံအရာရှိတွေရဲ့ရှင်းနည်းအတိုင်း    အလုပ်သမားတွေ သုံးသိန်းကျော်ပေးခဲ့ရတာ ပွဲစားကို၊ ထောင်ကျ တာက ကံမကောင်းလို့၊ PVဖြစ်ဖြစ် ဘာဖြစ်ဖြစ် ထွက်လို့ရတာနဲ့ ထွက်ကြ၊ အလုပ်မရှိရင် မလုပ်နဲ့ပြန်ပေါ့လို့ ရှင်းလိုက်မှာ လား။  ဒီအလုပ်သမားတွေ ထောင်လည်းကျ ငွေလည်းကုန် အတိုးလည်း တက် ဆိုတော့ အိမ်ကိုဘယ်လို ပြန်ကြမလဲဆိုတာတော့ တွေးမိလို့စိတ်မကောင်းဘူး ။ မိုးသောက်အလင်းရောက်ရင် ထိုင်းဘုရင်ရုပ် ထုမှာ အလုပ်သမားတွေ အတွက်နံ့သာ အမွှေး တိုင်ထွန်းအုံးမှ။ 
     ဒီကလော်စာကို ဖတ်ရှုရပြီး မိုမိုးမိသားစုကုမ္ပဏီ က MAT က ဦးကျော်သောင်း တို့ မဟုတ်တာ ပြောတာ။ ဒီအလုပ်သမား ၁၅   ယောက် ထောင်ကျတာမဟုတ်ဘူး။ ထိုင်းမ,လေးတွေနဲ့ ဘတ် ၃,၀၀၀တန်နတ်ရေကန်မှာ ရေကူးနေတာ လို့ ငွေရှင်းပေါင် ချာတွေနဲ့ ရန်ကုန်ကဟိုတယ်မှာသတင်းစာရှင်းကြမလား။ ဒါမှမဟုတ်    အေဂျင်စီလူ ကုန် ကူးဂိုဏ်းချုပ်ဥက္ကဌကြီးက ၅၈ ရက် တရားစခန်း ၀င်နေကြတယ်လို့ငြင်းမလား ။ စောင့်ကြည့်ကြမယ်လေ။ ပျော်ပျော် ပါးပါးပေါ့…….........
    အော် မိုးမိုးမိသားစု ကုမ္ပဏီလား သွင်းစေဗျား… ကြိုက်သလောက် ထိုင်းကိုသွင်းစေ ဗျာ….ကြိုက်တဲ့လိပ်စာနဲ့ အလုပ်သမားခေါ်စာ လာထား။ ကြိုက်တဲ့အေဂျင်စီလာထား။ အဘတို့က ငွေရရင် ထိုးပေးတာပဲလေ……...ထမင်းတောင်အချိန်အတိုင်းမစားဘူး။
    ရှိနေသေးတယ်နှော် ကုမ္ပဏီ၃ခုက အလုပ်မပေးနိုင်ပဲ လူတွေ သွင်းထားတာ၊ သိချင်ရင်ဖုန်းဆက် ကျုပ်ပြောပြမယ်။လိုက်ပြမယ်။
အော်.....သူတို့ပတ်စပို့နံပါတ်တွေလား၊  ရှိတာလေးပေါ့နော...
 (၁) ဖိုးဇေါ်၄၀နှစ်၊PV,MA.379611 
(၂) သန့်ဇင်အောင်၂၈နှစ် PV,MA.379520 
(၃) ကျော်ဝင်းနိုင်၃၇နှစ်PV, MA.  379151 
(၄) မြင့်ခိုင်၃၆နှစ် PV, MA.378906 
(၅) ခင်မောင်ထွေး ၂၆နှစ်PV, MA.405586
 (၆) အောင်ကိုလတ် ၂၃နှစ်PV, MA. 378878 
(၇) နေထက်လင်း၂၂နှစ်PV, MA.405046  
 (ဂ) ၀င်းနိုင် ၃၈နှစ် PV, MA.365433  
 (၉) လင်းလင်းထိုက်၂၆နှစ် PV, MA.405099
  (၁၀) မင်းဇေါ်လင်း ၂၈နှစ် PV, MA.385017   
(၁၁) ကျော်ဇေယျ ၃၃နှစ်PV, MA.379151 
(၁၂) ၀င်းထွဋ် ၂၆နှစ် PV, MA.357913 
(၁၃) ရဲလင်းအောင်၂၀နှစ် PJ, MA.373793 
(၁၄)  အောင်မျိုးသူ ၂၆နှစ်PJ, MA. 373792 
(၁၅)  ဖြိုးဝေအောင်၂၆နှစ် မိတ္တူမရှိပါ။      ။
အလုပ်သမားညွန်ချုပ်ကြီးကတော့ PV နဲ့ ပို့တဲ့ကုမ္ပဏီရှိရင် ပြောပါလို့ ကျနော်တို့ကို မှာဖူးတယ်။ ကော်ပီပို့ပေးကြပါဗျာ။

 
ရွှေလုပ်သား 

No comments:

Post a Comment