Sunday, August 10, 2014

အမျိုးသမီးတစ်ဦးနှင့် သမီးရည်းစားဖြစ်နေကြောင်း စွပ်စွဲပြောဆိုသူကို တူနှင့်ထုသတ်မှုဖြစ်ပွား

 နေပြည်တော်၊ သြဂုတ် ၉

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန် မကွေး တိုင်း ဒေသကြီး၊ အောင်လံ မြို့နယ်၊ အောင်ညီသာ ကျေးရွာ၊ အောင်မြေသာ ဘုန်းကြီး ကျောင်း၊ ကျောင်းထိုင် ဆရာတော်
ဥူးကောဘိတ(ခ)ကျော်မင်းဌေး(၃၂)နှစ်၊ ၀ါတော်(၁၂)၀ါသည် ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ကျောင်းမှ ကျောင်းသားဖြစ်သူ အောင်ညီသာ ကျေးရွာနေ စောပြည့်အောင်(၁၈)နှစ်သည် ဥူးကောဘိတ(ခ)ကျော်မင်းဌေးအား ရွာအတွင်းရှိ အမျိုးသမီး တစ်ဦးနှင့် သမီးရည်းစား ဖြစ်နေကြောင်း ဂုဏ်သိက္ခာ ကျဆင်းအောင် စွပ်စွဲပြောဆိုသဖြင့် ဥူးကောဘိတ(ခ)ကျော်မင်းဌေးက တူနှင့်ထုရိုက်သတ် ခဲ့ကြောင်း ပြောပြသိရ၍ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးရာ အောင်မြေသာဘုန်းကြီးကျောင်းအပေါ်ထပ် ခြေရင်းခန်း၌ စောပြည့်အောင်တွင် နဖူး၊ ဦးခေါင်းဝဲဘက်၊ ဦးခေါင်းထိပ်၊ ၀ဲနားရွက်နှင့် ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာများ ရရှိသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဥူးကောဘိတ(ခ)ကျော်မင်းဌေးအား ရပ်/ကျေးသံဃာ့နာယက ဥက္ကဌ ဆရာတော် အရှင်သမာဓိသူရိယ ထံတွင်လူဝတ်လဲပြီး ၎င်းင်းအား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း (ပ)၂၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


No comments:

Post a Comment