ပဲခူတိုင်း၊ မိုးညိုမြို့နယ်၊ အောင်မိုးဟိန်း ရွာမှာ ကျောင်းမြေ ရှိပြီး
ဖြစ်ပေမယ့် အစိုးရက ကျောင်းနဲ့ ကျောင်းဆရာ မပေးတဲ့ အတွက် ကျောင်းသား
မိဘတွေက မနေ့ကပဲ နိုင်ငံတော် သမ္မတ အပါအ၀င် အခြေခံ ပညာရေး ဦးစီး ဌာနနဲ့
သက်ဆိုင်ရာ တွေကို စာပေးပို့ တောင်းဆို လိုက်ကြပါတယ်။
မိုးညိုမြို့နဲ့ ၄ မိုင်လောက်ပဲဝေးပြီး အိမ်ခြေ တစ်ရာကျော်ရှိတဲ့ အဲဒီရွာက
ကျောင်းသားတွေဟာ အနီဆုံးကျောင်းရှိတဲ့ ရွာကို သွားဖို့ မြစ်လက်တက်တစ်ခုကို
ဖြတ်ရတဲ့အတွက် ကလေးငယ်တွေ အတွက် စိတ်မချရဘူးလို့ ကျောင်းသားမိဘတွေက
ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းမှာ အပြင်က
ဆရာတစ်ယောက်ကို ငှားပြီး ကျောင်းသားငယ်တွေကိုသင်ပေးနေတယ်လို့ ဒေသခံတွေက
ပြောပါတယ။်
ပိုင်စိုး -DVB - သြဂုတ် ၁၃၊ ၂၀၁၄
DVB TV News
No comments:
Post a Comment