Tuesday, August 12, 2014

တည်ဆောက်လက်စ ၆ ထပ်အဆောက်ဦးပြိုကျသဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦး ပိတ်မိနေ

သတင်းဓါတ်ပုံ- Min Burma.

ထိုင်းနိုင်ငံ ပထုံနာနီ မြိုနယ် Soi 6 မှာ ယနေ့ ညနေ ၅နာရီတွင်တည်ဆောက်လက်စ၆ ထပ်အဆောက်ဦးပြိုကျသဖြင့် ဆောက်လုပ်ရေးအလုပ်သမားနဲ့  ၀န်ထမ်းအပါဝင်
လူ ၅၀ လောက် အဆောက်ဦး အောက်ပိတ်မိနေပါတယ်။
လောလောဆယ် အလောင်း၉လောင်း သာထုတ်ယူနိုင်ပါသေးတယ်။မည်သူမည်ဝါဖြစ်တယ်ဆိုတာထုတ်ဖေါ်မပြောနိုင်သေးပါ။ ဆောက်လက်စ
အဆောက်ဦးဖြစ်လို့ ဆောက်လုပ်ရေးအလုပ်သမားအများစုသေဆုံးနိုင်ပြီး မြန်မာပြည်သားများလဲပါဝင်နိုင်ပါတယ်။

အဆောက်ဦးပြိုကျရာကနေလွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ကိုတင်က ပြောပြတာတော့ အထဲမှာသူနဲ့  အလုပ်သမားတွေ အခန်းနံရံဆေးသုတ်နေတုံး အဆောက်ဦး
ကြီးကနိမ့်ကျပြီး မြေမြိုလိုက်သလို ဖြစ်တယ် သူငယ်ချင်းတယောက်၇ဲ့  အမျိုးသမီးနဲ့ ခလေးဆိုအခန်းထဲမှာ လာနေနေလို့  လွတ်အောင် မပြေးနိုင်လို့  သေဆုံးသွားကြောင်း
ပြောပါတယ်။

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက် မြောက်ဘက်ရှိ ပသွန်သနီခရိုင်တွင် မြန်မာအလုပ်သမားများ အလုပ်လုပ်နေ သည့် ဆောက် လုပ်ဆဲ ကွန်ဒိုမီနီယမ် တစ်ခု ပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါသည်။
ဘန်ကောက်စံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က အဆိုပါU-Place ကွန်ဒိုအဆောက်အဦပြိုကျခဲ့ ရာ ည ၈နာရီအချိန်တွင် ကယ်ထုတ်နိုင်ခဲ့သူ၁၇ ဦးအနက် ၁၅ ဦးကို သန်ရာဘူရီ ဆေးရုံနှင့် နှစ်ဦးကို ခလွန်လောင် ဆေးရုံသို့
ပို့ထားကြောင်း သိရသည်။ကယ်ဆယ်ရေးသမားများက ရှာဖွေတွေရှိခဲ့သော သေဆုံးသူနှစ်ဦးမှာ အသက် ၇ လ၊ ၈ လခန့်ရှိသော ကလေးငယ်နှင့် ၎င်း ကို ပွေ့ထားသည့် မိခင်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အလုပ်သမား ၅၀ ခန့်ရှိကြောင်း သိရပြီး မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်း
အလုပ်သမား ၃၃ ဦး ပါဝင်ကြောင်း သိရသည်။

Copy from facebook

No comments:

Post a Comment