Tuesday, August 12, 2014

ရေဘေးနဲ့ လယ်ဧက ၅သောင်း ပျက်စီးနိုင်

 ရေကြီးတဲ့ ဒဏ် ခံကြရစဉ်
  ရေကြီးနေတဲ့ ပဲခူးတိုင်း သနပ်ပင်မြို့ နယ်အတွင်း မှာ၊ လယ်ဧက ၅ သောင်းကျော် ရေနစ် မြုပ်နေဆဲ ဖြစ်ပြီး၊ ပျက်စီးတော့မယ့် အခြေအနေ ရှိနေတယ် လို့ သိရပါတယ်။ ဒါ့အပြင် ရေဘေးဒဏ် ခံနေရတဲ့ ဒေသခံတွေ အတွက် အကူအညီတွေ လည်း လိုအပ်နေဆဲ ဖြစ်တယ် လို့ ဆိုပါတယ်။
သနပ်ပင်မြို့နယ် မှာ သြဂုတ်လ ၃ ရက်နေ့က ရေစတက် လာပြီး၊ ၅ ရက်နေ့မှာ တော့ သနပ်ပင် မြို့နယ်မှာ ရှိတဲ့ ရပ်ကွက် ၆ ခုနဲ့ ကျေးရွာ အုပ်စု ၆၀ က ရွာတိုင်းလိုလို ရေလွှမ်းခံရကာ လယ်တွေလည်း ရေမြုပ် နေခဲ့တာ ဖြစ်ပါတယ်။

ရေဘေး ဒုက္ခသည် စခန်း ၂၂ ခု ဖွင့်ပြီး၊ ဒေသခံ တွေ ခို လှုံ နေကြရ သလို၊ နီးစပ်ရာ ဆွေမျိုး သားချင်းတွေ ဆီမှာ နေနေကြရ တဲ့ အိမ်ထောင်စုတွေ လည်း ရှိနေကြတယ် ဆိုပြီး၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး က ပြောပါတယ်။

အဲဒီ့ ဒေသမှာ စိုက်ပျိုးပြီး လယ်ဧက ၁ သိန်း ကျော် အနက် ၅ သောင်းကျော် ဟာ ရေဘေးဒဏ် နဲ့ ပျက်စီး သွားတော့မှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။

သီတင်း တစ်ပတ်လောက် မိုးဆက်တိုက် သည်းသည်းမဲမဲ ရွာခဲ့ရာ၊ အထက်မှာရှိ တဲ့ ဆည်တွေ တာတမံ တွေ ရေပြည့်လာချိန်မှာ ကျိုးမှာစိုးလို့ ရေလျော့ချတာ တွေကြောင့် ရေကြီးခဲ့တာ ဖြစ်ကြောင်း ဦးမြင့်ဦးက ပြောပါတယ်။

အစိုးရက ရေမြုပ် လယ်စာရင်း တောင်းခံလာ လို့ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးက တဆင့် စာရင်း ပေးထားပြီလို့ သိရပါတယ်။

ဒါပေမယ့်၊ လတ်တလောမှာ တော့ ရေဘေးခံ ပြည်သူ့တွေ အတွက်၊ အစိုးရက ထိထိရောက်ရောက် ကူညီတာမျိုး မရှိသေးသလို၊ ပုဂ္ဂလိက နဲ့ လူမှု အဖွဲ့အစည်း တွေလည်း၊ အဲဒီ့ဒေသမှာ လာကူတာ သိပ်မရှိ လို့၊ ကယ်ဆယ်ရေး အကူအညီ တွေ လိုအပ်နေကြောင်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


No comments:

Post a Comment