ရေကြီးရေလျှံမှုတွေကြောင့် သြဂုတ် အစောပိုင်းတုန်းက ပိတ်ထားခဲ့တဲ့ ပဲခူးကကျောင်း ၁၇၅ ကျောင်းမှာ ၂၅ ကျောင်းကို ပြန်ဖွင့်လိုက်ပါတယ်။
ပဲခူးတိုင်း မြို့နယ် ၇ မြို့နယ်က ကျောင်းတွေ ကို ပိတ်ထား ခဲ့ရတာဖြစ်ပြီး
ခုချိန်မှာတော့ ပဲခူးမြို့နယ် နဲ့ က၀မြို့နယ် က ကျောင်း၂၅ ကျောင်း ကတော့
ရေကျ သွားတဲ့ အတွက် ပြန်ဖွင့် နိင်ပြီလို့ ပဲခူးတိုင်းပညာရေး
ညွှန်ကြားရေးမှူး ဦးစောစံရင် က ပြောပါတယ်။
ပြန်ဖွင့်လိုက်တဲ့ကျောင်းတွေမှာတော့ သင်ရိုးပြန်မီဖို့အတွက်
အချိန်ပိုခေါ်ပြီး စာသင်ပေးတာတွေ ပိတ်ရက်တွေမှာည်း သင်သွားဖို့ ရှိနေတယ်လို့
ဆိုပါတယ်။
ကျန်ရှိနေသေးတဲ့ကျောင်းတွေကိုလည်း ခုလက်ရှိ ပိတ်ထားရပေမယ့် ရေပြန်ကျသွားတဲ့အခါ ပြန်ဖွင့်မယ်လို့ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမှာ မိုးများပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက်
ကျော်လွန် နေခဲ့တာကြောင့် ပဲခူးမြို့ပေါ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလို့
ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၁ သောင်းကျော်
ခိုလှုံနေကြပါတယ်။ လယ်ဧကပေါင်း သောင်းချီ ရေနှစ်မြုပ်နေပါတယ်။
By ပိုင်စိုး (ဒီဗွီဘီ)
No comments:
Post a Comment