Sunday, September 23, 2012

ညောင်လေးပင်မြို့နယ်ရှိ တောင်သူလယ်သမားများ ဆန္ဒပြရန် ထပ်မံကြိုးစား

ချောင်းနှင့်ရေနုပ်တူးမြောင်းများ ပိတ်ဆို့ကာပြုလုပ်ထားသော ငါးဖမ်းသည့် ဂရမ်အင်းများကို ဖယ်ရှားပေးရန် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)ကျော်မှ တောင်သူလယ်သများ စက်တင် ဘာလ(၂၆)ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။





ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေနုပ်မြောင်း၊ ချောင်းဟောင်းနှင့် တူးမြောင်းများကို ငါးဖမ်းဆီးရန် ပိတ်ဆို့ထားမှု ကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိတော့ပဲ လယ်မြေဧကများစွာ ရေနစ်မြုပ်ပျက်ဆီးမှုများ ဖြစ်ပေါ်လာသည့်အတွက် ငါးဖမ်းအင်းများကို အမြန်ဆုံးဖယ်ရှားပေးရန် ဒေသခံလယ်သမားများက လိုလား နေကြကြောင်း သိရ သည်။

ဒေသခံတောင်သူလယ်သမားများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးအတွက် ဆန္ဒဖော်ထုတ်ရန် စက်တင် ဘာလ(၁၈)ရက်နေ့တွင် ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်၍ ခွင့်ပြုမိန့်သွားရောက်တောင်းခံ ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တောင်သူလယ်သမားများကို မြို့နယ်အဆင့်ရှိသူများနှင့် ဦးစွာပထမဆွေးနွေးရန် ပြောကြားခဲ့ပါသည်။ ချောင်းနှင့်ရေနုပ်တူးမြောင်းများ ရေစီးရေလာကောင်းမွန်းရေး
အတွက် ပိတ်ဆို့ကာဆီးထား မှုများကိုဖွင့်ပေးရန် တောင်သူလယ်သမားများ တောင်းဆိုခဲ့ပေမယ့် မြို့နယ်အဆင့် တာဝန်ရှိသူများမှ အပြင်ပိုင်း  တကယ့်လက်တွေ့တွင် မလုပ်ပေးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူလယ်သမားများမှ ပြောကြားပါသည်။

ထို့ကြောင့် လယ်သမားများမှ ဆန္ဒဖော်ထုတ်ရန် စက်တင်ဘာလ(၂၁)ရက်နေ့တွင် ထပ်မံခွင့်ပြုချက် တောင်းခံခဲ့ပါသည်။ တောင်သူလယ်သမားများ၏ တောင်ဆိုချက်အတိုင်း ချောင်းနှင့်
 ရေ နုပ်တူးမြောင်းများကို ရေစီးရေလာ ကောင်းမွန် အောင်ပြုလုပ် ထားပြီးဖြစ်ကြောင်း၊ အင်းသားကြီး များသည် နိုင်ငံတော်သို့ အခွန်အခများပေးသွင်းကာ အင်းလေလံစည်း ကမ်းချက်များနှင့်အညီ ဆောင် ရွက်ခြင်းဖြစ်   ကြောင်း၊ ယခုအချိန်အခါသည် တက္ကသိုလ်စား မေးပွဲများကျင်းပ နေချိန်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ ပဲခူးမြို့သို့ နေ့ သွား/ ညပြန် ဖြေဆိုလျှက်ရှိခြင်းတို့ကြောင့် ငြိမ်းချမ်းစွားစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာစီတန်း လှည့် လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၅ တွင် အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်အရ ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူးမှ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ငြင်းပယ်လိုက် ကြောင်းသိရသည်။

အဆိုပါငြင်းပယ်ချက်ကို ခိုင်လုံသောအကြောင်းပြချက်များဟု ယူဆ၍ မရနိုင်သောကြောင့် ဒေသခံတောင် သူလယ်သမားများအနေဖြင့် ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံဝင်ရန် ထပ်မံကြိုးစား နေကြကြောင်း စုံစမ်းသိရှိရသည်။

အဖေ့သား(ပဲခူး)

         

No comments:

Post a Comment