Tuesday, September 25, 2012

“လူကုန်ကူးခံရသူ ၂၀ ဦးအားပြန်ပို့ပြီ”



စက်တင်ဘာ ၂၁
အောင်ခန့်
      လူကုန်ကူးမှု ပူးပေါင်းအဖွဲ့များ ကယ်တင်ခဲ့သည့် ငါးဖမ်းအလုပ်သမား၂၀ဦး တို့ယနေ့တွင် မြ၀တီလူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့ရောက်ရှိပြီး နေ ရပ်ရင်းသို့ ပြန်ကြပြီးဖြစ်ကြောင်းသိရှိရသည်။
          ၎င်းတို့သည်စက်တင်ဘာ ၁၁.၁၂.၁၃ ရက်နေ့ တို့တွင် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD ,ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက် FED နှင့် ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ေ ရှာက်ရေးအသင်း အတွင်းရေးမှူး ဦးနိုင်ထွန်း တို့ ပူးပေါင်း ကယ်တင် ခဲ့သည့် အလုပ်သမားများ ဖြစ်သည်။
ပဲခူးမြို့က အသက် ၁၆ နှစ်အရွယ် ဘေဇင် ၏ မိခင် ဒေါ်ဝင်း က“ ကျမ ပဲခူးက လာပြီး သားကိုစောင့်နေတာ၊
ကျမသားလေးကို  လှေပေါ်မှာရောင်းစားခံထားရာက သွားခေါ်ပေးကြတဲ့ ဦးကျော်သောင်း တို့ကို ဘယ်လိုေ ကျးဇူးဆပ်ရမလဲရှင်၊ ကျမ သားလေးကို ပြန်တွေ့ရတာကိုပဲ ၀မ်းသာလှပါပြီ။ ကလေးက ကျောင်းမတက် ချင်တော့ဘူး ဆိုပြီး အိမ်က ထွက်သွားတာ၊ ငါးဖမ်းစက်လှေကိုရောင်းစားခံရတယ်။  ကံကြီးပေလို့ပေါ့ရှင်” ဟု ၀မ်းနည်းဝမ်းသာ ငိုရှိုက်ရင်း ပြောသည်။
               လူကုန်ကူးခံခဲ့ရသည့် အလုပ်သမားများ နယ်စပ်ပြန်ပို့ရန်  ဘန်ကောက်မြို့ IDC အချုပ်ခန်းသို့   ရောက်ရှိနေစဉ် အစားအစာများ အခက်အခဲကြုံနေရကြောင်း MAT သို့ အကြောင်းကြားလာခဲ့သည်။
MAT အဖွဲ့က  သံမှူး ဦးနိုင်ထွန်း ထံသို့ အကူညီတောင်းခံခဲ့သည်။ ထို့ကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ၎င်းက အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၃၀၀စီ ထောက်ပံ့ကူညီပေးခဲ့ကြောင်း အလုပ်သမား များ ပြောပြ ချက်အရသိရှိရသည်။
  မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့် အလမ်းများ နည်းပါးနေဆဲဖြစ်သဖြင့်   မြန်မာလူငယ်များထိုင်းနိုင် ငံအတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာနေကြ ဆဲဖြစ်သည်။
 အရှေ့တောင်အာရှတွင် ထိုင်း မြန်မာနယ်စပ်သည် လူကုန်ကူးမှုအကြီးမားဆုံးနေရာ တစ်ခုဖြစ်သော် လည်း ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး UNIAP, ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များနှင့် မြန်မာ အစိုးရ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေး အဖွဲ့တို့မှာလည်း ထိထိရောက်ရောက် ကာကွယ်တားဆီးမှု မပြုလုပ်နိုင်ကြသေးပေ။
အဘယ်ကြောင့်ဆိုသော် နယ်စပ်ဖြတ်ကျော် မှုခင်းဖြစ်နေခြင်းနှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့်လူကုန်ကူးမှု ဥပဒေ၏ အားနည်းချက်များအပြင် လူကုန်ကူးမှုတွင် နယ်စပ်အခြေစိုက်   မြန်မာအာဏာပိုင်များ၊ နယ်ခြားစောင့်တပ်များ၊ ထိုင်းလုပ်ငန်းရှင်နှင့်ထိုင်းအာဏာပိုင်များပါဝင်ပတ်သက်
  နေခြင်းကြောင့် ဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။
                 ထို့အပြင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းလုပ်ကိုင်သူများ အဖြစ်အမည်သာခံထားပြီး အစည်းဝေးလုပ်ခြင်း၊ စိတ်ပျက်ဖွယ်ရာ လက်တွေ့မကျသည့် သဘောတရားသင်တန်းများတက်ရောက်ခြင်း၊ အွန်လိုင်း သတင်းအချက်အလက်များကို ဆွေးနွေး ဟောပြောနေခြင်းများအပြင် အစီရင်ခံစာရေးသည့် လုပ်ငန်းသည်သာ အဓိကအဖြစ် ခံယူထားကြခြင်းလည်းဖြစ်နိုင်သည်။ အသက်အန္တရာယ်များခြင်းကြောင့် လည်း ဖြစ်နိုင်ကြောင်း MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ကသုံးသပ်ပြောဆိုသည်။

No comments:

Post a Comment