Friday, September 28, 2012

ဥပဒေကို လက်တစ်လုံးခြားအသုံးပြုကာ တယ်ရီအား ပွဲပယ်နှင့် ဒဏ်ကြေး ပြစ်ဒဏ်ချမှတ်လိုက်သည့် ခေတ်သစ်အာဏာရှင် FA

ချယ်လ်ဆီးအသင်းခေါင်းဆောင် တယ်ရီက QPR နောက်ခံကစားသမား အန်တန်ဖာဒီနန်အား ပွဲချိန်အတွင်း
မသင့်လျော်သည့် စကားအသုံးအနှုန်း(သို့)အသားအရောင် ပါရှိသည့် စကားလုံးသုံးစွဲခဲ့ခြင်းကြောင့်ဟူသော
စွပ်စွဲချက်ဖြင့် ၄င်းတို့ လက်ထဲရှိဥပဒေကို လက်တစ်လုံးခြား အသုံးချခဲ့ကာ ပွဲပယ်ပြစ်ဒဏ်(၄)ပွဲနှင့်
ပေါင် ၂၂၀၀၀၀ ဒဏ်ကြေးချမှတ်လိုက်ပါသည်။  ယခု ကိစ္စ နှင့်ပတ်သက်ပြီး ဥပဒေရှုဒေါင့်မှသာမက ဘောလုံး

ကျင့်ဝတ်များဘက်ကပါ သုံးသပ်မှုများနှင့် အငြင်းပွားမှုများ အကြီးအကျယ်ရှိနေသည်။
FA ၏ကြေညာချက်တွင် တယ်ရီအနေဖြင့် ဖာဒီနန်အပေါ် အသားအရောင်စကားလုံးပါရှိသည့် “F**king
black cunt” ဟုသုံးစွဲခဲ့ခြင်းဖြင့် FA ၏ စည်းမျဉ်း E3(2)ကိုချိုးဖောက်ရာရောက်သောကြောင့်ယခုကဲ့သို့
ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဒီနေရာတွင်  ဇူလိုင်လအတွင်းအင်္ဂလန်အရပ်ဖက်
တရားရုံးမှ တယ်ရီအပေါ် အပြစ်မရှိကြောင်း စီရင်ချက်ချခဲ့သည့် အဓိကအစိတ်ပိုင်းကို ပြန်လည်ဖော်ပြရပါက
“ဂျွန်တယ်ရီမှ F**king black cunt ဆိုသည့် အသုံးအနှုန်းကို အန်တန်ဖာဒီနန်နှင့် အပြန်အလှန် အချင်းများ
နေစဉ်အတွင်း သုံးစွဲခဲ့ခြင်းဖြစ်ပြီး တယ်ရီ၏ပြောဆိုဦးတည်ချက်မှာ လူမျိုးရေးခွဲခြားသည့် အပြုအမှုဦးတည်
ခြင်းမရှိဟု ယူဆ၍ အပြစ်မရှိကြောင်း”ဖြင့်ဖော်ပြပါရှိသည်။ FA မှ ဥပဒေကို လက်တစ်လုံးခြားအသုံးပြုခဲ့
သည်မှာ ယင်းနေရာတွင်ဖြစ်ပြီး တယ်ရီကို လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်း (ဥပမာ- Monkey လိုမျိုး)
သုံးစွဲခဲ့သည်ဆိုသော စွပ်စွဲချက်မပြုလုပ်နိုင်သကဲ့သို့ လူမျိုးရေးခွဲခြားသူ “racist”အဖြစ်စွပ်စွဲရန်လည်း တရားရုံးကို ကျော်လွန်ဆုံးဖြတ်၍မရသဖြင့် အသားအရောင်စကားလုံးပါသည့်ဟူသောအကြောင်းပြချက်ဖြင့်
ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
FA ၏ အကြီးအကျယ် မှားယွင်းခဲ့မှုနှစ်ချက်ကို ထောက်ပြရပါက ၁) တယ်ရီအား မည်သည့်ပြစ်ဒဏ်မှ
စီရင်ချက်မချမှီ အသင်းခေါင်းဆောင်နေရာမှ ဖယ်ရှားလိုက်ခြင်း၊ ၂) ဖြစ်သင့်သည်မှာ အင်္ဂလန်တရားရုံးသို့
မရောက်မှီ FA မှစွဲချက်တင်ဆို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး အမှုကြီးကျယ်မှသာ တရားရုံးသို့ လွှဲပြောင်းရမည်
ဖြစ်ခြင်း စသည့်တို့အချက်တို့ကြောင့် FA ဘာလဲ၊ ဘယ်လဲ ဟုမေးခွန်းထုတ်ရမလိုဖြစ်နေသည်။ ယင်းအမှုနှင့်
ပတ်သက်၍ ကာပယ်လို၊ ဟော့ဒ်ဆန်၊ အေဗရန်ဂရန့်၊ မော်ရင်ဟိုတို့သည် တယ်ရီအပေါ် အပြည့်အဝ
ထောက်ခံခဲ့ကြပြီး  FAအပေါ် ဝေဖန်ခဲ့ကြသည်။ တယ်ရီအနေဖြင့် (၁၄)ရက်အတွင်း အယူခံဝင်နိုင်ပြီး
ယင်းမတိုင်မီ ပွဲများတွင်ဝင်ရောက်ကစားနိုင်ကြောင်း သိရသည်။

copy from http://mmchelseafc.com/main/verdit-jt



No comments:

Post a Comment