Tuesday, September 25, 2012

“ဖူးခက်ရွှေဆိုင်လုယက်သူ အဖမ်းခံပြီ”

                                    
စက်တင်ဘာ ၂၃
ကိုတီး (ထိုင်းဘာသာပြန်)
     နှလုံးရောဂါသည် ဇနီးဖြစ်သူ နန်းမူးစာ အားထိုင်းအာဏာပိုင်များ ဖူးခက်ကားဂိတ်တွင် ဖမ်းဆီးခံရကြောင်း သိရှိခဲ့ပြီးနောက် ရွှေဆိုင် လုယက်သူ ဟုယူဆရသူ ကိုစော က ရဲစခန်းသို့လာရောက်ပြီး အဖမ်းခံခဲ့သည်။
          ယမန်နေ့ မွန်းတည့်ချိန်က ဖူးကက်မြို့နယ် မှူးရုံးဖုန်း ၁၉၁ သို့ ဖုန်းဆက်၍ လာရောက် ခေါ်ယူပါရန် အကြောင်းကြားခဲ့ကြောင်း ထိုင်းရတ်သတင်းစာတွင် ရေးသားထားသည်။
ရွှေဆိုင်ကို လုယက်ခဲ့ပြီးနောက် ကထိုးမြို့အနီးရာဘာတော အနီး တ၀ိုက် ရေတံခွန်တွင် တိမ်းရှောင်နေခဲ့သည်။
      အတူတူ လုယက်ခဲ့သည့် ကိုမေ့ မှာ ရွှေတ၀က်နီးပါးယူသွားပြီး ဖူးခက်မှ ဘတ်ကောက်သို့ အတက်လမ်းခရီး တွင် ခြုံဖေါ် ကားဂိတ်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လိုင်းကားဖြင့် မဟာချိုင်သို့ ရောက်ရှိသွားပြီ
ဖြစ်ကြောင်း သိရှိခဲ့ရပြီးနောက် ဆက်သွယ်မရရှိတော့ကြောင်း ကိုစော ကထွက်ဆိုခဲ့သည်။
ဇနီးဖြစ်သူ နှလုံးရောဂါအား ရွာပြန်ပြီး ကုသရန် ငွေမရှိသဖြင့် လုပ်မိလုပ်ရာ လုပ်မိခြင်းဖြစ်ကြောင်း ရဲစခန်းတွင်ထွက်ဆိုကြောင်း ထိုင်းရပ်သတင်းစာတွင် ရေးသားထားသည်။

No comments:

Post a Comment