Saturday, September 29, 2012

ဒေါက်တာလွဏ်းဆွေ - ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၁)

ပြုံးပြုံးလေးနဲ့ ပေါင်တွင်းကြော လိမ်ဆွဲမယ့် ဦးသိန်းစိန်အစိုးရ
သြဂုတ် ၂၆၊ ၂၀၁၂

ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာသိ အတိုက်အခံနိုင်ငံရေးသမားတွေကို အရေးပါ အရာပေးတဲ့နည်းနဲ့ ဆက်ဆံပြပြီး မျက်နှာမွဲ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြတဲ့ အလုပ်သမား၊ လယ်သမား သာမန်ပြည်သူတွေကိုတော့ ပေါ်ပေါ်တင်တင် တရားစွဲတဲ့နည်းရယ်၊ လူမသိသူမသိ နှိပ်ကွပ်တဲ့နည်းတွေရယ်နဲ့ ခွဲခြားဆက်ဆံနေတာ သတိထားမိတယ်။

တောကြိုအုံကြားမှာ ဆန္ဒပြတဲ့ တောင်သူတွေ၊ ရွှေတူးအလုပ်သမားတွေကို နှိပ်ကွပ်ဖို့ လူမသိ သူမသိ ၀ိုင်းထားတဲ့ လုံထိန်းတွေဆိုတာ နည်းနည်းနောနောမဟုတ်။ ဒါကို မျက်နှာကြီး နိုင်ငံရေးသမားတွေက ကိုယ်နဲ့မဆိုင်သလို တေမိလုပ် မသိချင်ယောင်ဆောင်နေရင် ရေရှည်မှာ မျက်နှာမွဲပြည်သူတွေ ပိုပိုပြီး အနင်းခံရလိမ့်မယ်။

ပြောရရင် ဦးသိန်းစိန်အစိုးရဟာ စားပွဲအပေါ်ပိုင်း မျက်နှာကတော့ ပြုံးပြုံးလေးပဲ၊ စားပွဲအောက်မှာ ချထားတဲ့ လက်ကတော့ လူမသိသူမသိ ပေါင်တွင်းကြော လိမ်ဆွဲဖို့ အသင့်ပြင်ထားတဲ့ အနေအထားမျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာပါပဲ။

No comments:

Post a Comment