Tuesday, September 25, 2012

စီးတန်း လမ်းလျှောက်သူများအား ဥပဒေအရ အရေးယူမည်

 
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အပြည်ပြည်ဆိုင် ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်း စွာ စီတန်းလမ်းလျှောက်သူများ အား ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့် ဥပဒေပုံစံ(၈)နှင့်မညီ သည့်အတွက် သက်ဆိုင်ရာမြို့နယ် အလိုက် အရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြား သည်။ ““ကျွန်တော်တို့က ဒါကို ဘယ်နေ့အရေးယူမလဲဆိုတာမရှိ ဘူး။ ကျွန်တော်တို့က စိစစ်မယ်။ အမှုဖွင့်မယ်၊ အဲဒါကျွန်တော်တို့ရဲ့ အချိန်ပဲပေါ့။ ကျွန်တော်တို့က လုပ်ငန်းစဉ်အလိုက် ၂၄ နာရီ တာဝန်ထမ်းဆောင်ရတယ်။ ဒီလို စစ်ဆေးဖို့ အရေးယူဖို့ကို အချိန် ယူရပါမယ်။
ကျွန်တော်တို့က ဥပဒေနှင့်မညီရင်တော့ အရေးယူမှာ ပဲ ကြီးသည်ပဲဖြစ်စေ၊ သေးသည် ပဲဖြစ်စေ။ ဥပဒေအတိုင်း လုပ် သွားရင်တော့ ကျွန်တော်တို့က ခွင့်ပြုပေးမယ်။ ဥပဒေအတိုင်း လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ က စောင့်ရှောက်ရတယ်၊ လုံခြုံ ရေးပေးရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အကြိမ် ၂၀ မှာ ၈ ကြိမ်ခွင့်ပြုပေးထားတယ်။ အဲ့ဒီ ၈ ကြိမ်လုံးမှာလည်း ကျွန် တော်တို့ လုံခြုံရေးကို လုပ်ပေးပြီး သွားပြီ၊ ၉ မှုကိုတော့ ကျွန်တော် တို့ငြင်းပယ်ထားတယ်။ ဘာကြောင့် ငြင်းပယ်တာလဲဆိုတာ ပုံစံ ၈ မှာ ပါပြီးသွားသည့်နောက် ၃ ကြိမ် ကတော့ သူတို့မလုပ်တော့ပါဘူး လို့ နောက်ဆုတ်သွားတယ်။ အဲ့ဒါကို ဘာကြောင့် ငြင်းပယ်လဲ ဆိုတာလာလျှောက်တဲ့လူသိပါလိမ့် မယ်။ နိုင်ငံသားအားလုံးက ဒီဥပဒေကို သိထားသင့်တယ်  သိထားမှလည်းအဆင်ပြေပါမယ်။ ဥပဒေနဲ့အညီ သူတို့က လျှောက် လွှာတင်တယ်။ ကျွန်တော်တို့က ပုံစံ ၈ အရ ခွင့်မပြုပါဘူး။ ဒါ ကြောင့် ဥပဒေချိုးဖောက်တဲ့ အတွက် အရေးယူပါမယ်။ ဒီဟာ ကို ချိုးဖောက်တယ်ဆိုရင် ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၁ နှစ်ဖြစ် စေ၊ ငွေဒဏ် ၃၀၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် ချမှတ်လို့ ရပါ တယ်ဆိုတာ ပါပြီးသားပါ။ ကျွန် တော်ပြောတာက လူသားတိုင်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ နိုင်ငံတော်အနေနဲ့လဲ လိုလား တယ်။ သို့သော် ဒီကိစ္စနဲ့ ပတ် သက်ပြီး ကျွန်တော်တို့က ခွင့်ပြု ချက် ပေးမထားဘူး။ ငြင်းပယ် ထားတယ်။ ဥပဒေမှာ မလုပ်နဲ့ဆို တာကို လုပ်ရင်လဲ အပြစ်ပဲ။ လုပ် ပါလို့ဆိုတာကို မလုပ်ရင်လဲ အပြစ်ပဲ။ အဲဒါကြောင့်ကျွန်တော် တို့ ငြင်းပယ်ထားတာကို လုပ်တဲ့ အတွက် အဲဒါအပြစ်ပဲ။ ကျွန် တော်တို့က စီတန်းလှည့်လည် တာကို ခွင့်ပြုတယ်ဆို။ ပုံစံ ၅ ခွင့် မပြုဘူးဆို ပုံစံ ၈ အရေးယူတာ ကတော့ သက်ဆိုင်ရာ မြို့နယ်က စစ်ဆေးပြီး အရေးယူပါလိမ့်မယ်”” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ပြော ကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက် ၍ စစ်တပ်မှ အငြိမ်းစားယူထား သူ အရာရှိတစ်ဦးက ဖုန်းဆက် မေးမြန်းရာတွင် ““ကျွန်တော်တို့က ဒါကို ခွင့်မတောင်းတာမဟုတ်ပါ ဘူး။ တောင်းတယ်။ သူတို့က မပေးတာ။ ဒါကို အရေးယူတယ် ဆိုရင်လည်း အေးအေးဆေးဆေး လိုက်သွားမှာပဲ။ ဒါပေမဲ့ အဲဒီ အခါ ကျွန်တော်မေးမှာတစ်ခုရှိ တယ်။ ကျွန်တော်တို့ကျတော့ အရေးယူပြီးတော့ အချို့အမှုတွေ ကျတော့ ယခုအချိန်ထိဘာလို့ အရေးမယူဘဲလွှတ်ထားတာလဲဆိုတာပဲ မေးချင်တယ်””ဟု ပြောကြား ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စီတန်းလမ်းလျှောက်သူ လူဦးရေ သည် အနီးစပ်ဆုံး ခန့်မှန်းခြေ အဖြစ် လူဦးရေ ၂၀၀၀ ၀န်းကျင် ရှိမည်ဟု ခန့်မှန်းသိရှိရသည်။

http://www.hotnewsweekly.com

ဖြိုးအောင်

No comments:

Post a Comment