Friday, August 8, 2014

“ကိုယ်ဝန်ဆောင်မိခင်လောင်းဇနီးမောင်နှံကိုမဲဆောက်ပုလိပ်ဖမ်း၊ MAT ကကယ်ထုတ်”

၂၀၁၄ ခု ဇူလိုင်လ ၈ ရက်
ကိုတီး(အလွတ်သတင်းထောက်)

              ကိုယ်ဝန်ငါးလရှိလာပြီး အလုပ်အကိုင် ဆက်လက် မလုပ်လိုတော့သဖြင့် နေ ရပ်သို့ ပြန်သည့် တရား ၀င် အလုပ်သမား ဇနီးမောင်နှံ အား မဲဆောက်ပုလိပ်က တစ်နေကုန်ဖမ်းဆီးချုပ်နှောင် ထားခဲ့ရာ၊ ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအဖွဲ့ MAT ကူညီမှုဖြင့်လွတ်မြောက်သွား ခဲ့ပြီးဖြစ်သည်။
    အသက်၂၉နှစ်အရွယ်ရခိုင်အလုပ်သမားကိုသန်းဇေါ်နှင့် ပဲခူးတိုင်း ညောင်လေး ပင်မြို့ နယ်၊ စဥ့်ကူး ကျေး ရွာမှ အသက်၂၈နှစ်အရွယ် မစမ်စမ်းမော် တို့ ဇနီးမောင်    နှံတို့သည် ကိုယ်ဝန်ရင့်မာလာခြင်းကြောင့် အလုပ် အကိုင်မလုပ်လိုတော့ဖြင့် မေလ ၁၈ရက်နေ့က သက် တမ်းကုန်နေသော အလုပ်လုပ်ခွင့်လက်မှတ် (၀တ်ပါမစ်) ကို သက်တမ်း မဆက်တော့ပဲနေခဲ့ကြသည်ဟုဆိုသည်။ 

မစမ်းစမ်းမော် က“သမီးတို့ကို မဲဆောက်ပုလိပ်ရုံးက တစ်ယောက်ကို ဘတ်တစ်
ထောင်ပေး ရမယ်၊ မပေးရင်   ထောင်၁၅ ရက်ချမယ်လို့ပြောတယ်။ မနက်ပိုင်းက တည်းက မြန်မာသံရုံး အလုပ်သမားသံအရာရှိ ကိုဖုန်း ဆက်ပါတယ်။သူက မဲဆောက် မြန်မာအလုပ်သမားအဖွဲ့တစ်ခုက တစ်ယောက်ဖုန်းကိုပေးပါ တယ်။ သူက မိုးရွာနေ တယ် ညနေလာမယ်ပြောပါတယ်။ ညနေ၅နာရီထိုးလာပြီ အကြောင်း မထူး ဘူး။ သူတို့ကိုဖုန်းဆက်တော့ ဖုန်းတွေ ပိတ်ချလိုက်တယ်။ မနက်စာလည်းမစားရဘူး ။ ရေလည်းမသောက်ရဘူး။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT က ဦးကျော်သောင်းကူညီပေးလိုက်လို့လွတ်လာတာပါ။ ကျေးဇူးတင်ပါ တယ် ”ဟုပြောသည်။
     ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့မှ မြန်မာပြည်နေ ရပ် သို့ ပြန်သွားကြ သည့် မြန်မာအလုပ်သမားများအား မဲဆောက်၊မ၀တီချစ်ကြည်ရေးတံတားအနီး မလှမ်းမကမ်း ကမ်းနေရာတွင်မဲဆောက် ရဲတစ်အုပ်စုက ဂိတ်ချ၍ ဖမ်း ဆီး   ငွေတောင်းခဲ့သည်။  မြန်မာအလုပ်သမား ၁၈ဦးတို့ အား မဲဆောက်မြို့ ၄ထပ် ရဲစခန်းအ ချုပ်ခန်းသို့ ဖမ်းဆီး   ခေါ် ဆောင်သွားခဲ့သည်။ 
       အလုပ်သမားအားလုံးတို့တွင် ပတ်စပို့စာအုပ်နှင့် အလုပ်လုပ်ခွင့် ၀တ်ပါမစ် စာအုပ်များပါ သော်လည်း ဖမ်း ဆီးခြင်းဖြစ်သည်။ အိမ်ပြန်ကြသည့် အလုပ်သမားများ သည် ပိုက်ဆံပေး၍ အချုပ်ခန်းထဲမှ လွတ်မြောက်သွား ခဲ့ကြသည်။ မစမ်းစမ်းမော် တို့ ဇနီး ဇနီးမောင်နှံတို့ တွင်မူ လမ်းစရိတ် ဘတ်ငွေ၁,၀၀၀ သာပါသဖြင့်မပေးနိုင်   ဖြစ် ကာတစ်နေကုန်ဖမ်းချုပ်ခံခဲ့ရခြင်းဖြစ်သည်။
     ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “မဲ ဆောက်လမ်းတလျှောက် ထိုင်းပုလိပ်တွေ ဖမ်းစား တာ တာကိုကျနော်တို့အဖွဲ့ကဓါတ်ပုံနဲ့VDO တွေရိုက်ပြီး မြန်မာ အစိုးရနဲ့မြန်မာသံရုံး တို့ကိုပေးထားပါတယ်။ ဘန်ကောက် နဲ့ မဟာချိုင်မှာ ပုလိပ်ဖမ်းတာတွေကိုလည်း ပို့ပါတယ်။ တရားဝင်အလုပ်သမားကို ထိုင်းပုလိပ်တွေ လုံးဝမဖမ်း   အောင် ပြောဖို့ က မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ ကျနော်တို့ ဘယ်လောက်ကူညီနိုင်မလဲ။ ကျနော်တို့ကို အဆက်အသွယ်ရသူ တစ်ယောက်တစ်လေပဲ လွတ်မှာပေါ့။ မြန်မာ အစိုးရ ကထိထိရောက်ရောက်လုပ်မှ အလုပ် သမားတွေသက်သာရာရမှာပေါ့။ ထိုင်းအစိုးရအထက်ပိုင်းကိုပြောထားရုံနဲ့မလုံလောက်ဘူး။တရားဝင် မြန်မာအလုပ်
သမားတွေကိုအခြားနိုင်ငံသားတွေလိုထိုင်းပုလိပ်တွေမဖမ်းရဲအောင် မြန်မာအစိုးရက လုပ်ပြဖို့လိုတယ်။ ကျနော်က အလုပ် သမားတွေအတွက်ဖြစ်သင့်ဖြစ်ထိုက်တာနဲ့  မြန်မာအစိုးရ လုပ်သင့်တာကိုပြောခဲ့တာ နှစ်ချီပြီရှိပြီ၊ ခုထိအောက်ခြေ က ထိုင်း ပုလိပ်တွေ မြန်မာအလုပ်သမားတွေကိုဖမ်းစား တုန်းပဲ” ဟုပြောသည်။
       ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည်  ထိုင်းပုလိပ်များ အလွန် ဆိုးဝါးသောင်းကျန်းသော မဟာချိုင် ဖမ်းဆီးမှုများနှင့် ဘန်ကောက် အယ်ကချိုင် လမ်း ဖမ်းဆီးမှုများကို ထိုင်းရဲဌာနချုပ်အထိ VDO ရိုက်ကူး၍ တင်ပြထားခဲ့သည်။  အဆိုပါ ဖမ်းဆီးမှုများနှင့်အတူ အကြောင်းအမျိုးမျိုးဖြင့်ဖမ်းဆီးပြန်ပို့ခံရသည့် မြန်မာအလုပ် သမားများအား မြ၀တီမြို့မှDKBA ကိုးသုံးလုံးဂိတ်ထဲတွင် လေလံပွဲသဖွယ် ငွေကြေး
ကောက် ခံနေပုံများအား လျှို့ဝှက်ကယ်မရာဖြင့် VDOရိုက်ကူး၍ယမန်နှစ်က မြန်မာ သံရုံးနှင့် မြန်မာအစိုးရတို့ထံသို့ ပေးပို့ခဲ့သည်။ ထို့အပြင် VDOကလစ်အား  ရွှေလုပ် သား ဘလော့စာ မျက်နှာတို့ တွင်တင်ထားခဲ့သည်။
        မဲဆောက်ဘန်ကောက်ပြေးဆွဲကြသည့်ကားသမား က ပြီးခဲ့သည့်လပိုင်းက ဆန္ဒပြမှုတစ်ခုပြု လုပ်ခဲ့သဖြင့် မဲဆောက် တောင်ပေါ်လမ်းတွင်ဖမ်းဆီး မှုများ   ခေတ္တပျောက်ကွယ်နေခဲ့သော်လည်း မြ၀တီမဲ ဆောက် ချစ်ကြည်ရေး တံတား အနီးတွင် နေရပ်ပြန် သည့် မြန်မာ အလုပ်သမား များအား နံနက်တိုင်း ၊နေ့စဉ် နေ့တိုင်း  မဲဆောက်ရဲများ ဖမ်းစားလေ့ရှိသည်။ အလားတူ DKBA ကိုးသုံးလုံးဂိတ် ထဲသို့ ပြန်ပို့ ခံရသည့် အလုပ်သမားများအား ပွဲစားများက  ငွေကြေး ကောက်ခံနေသည်တို့ကို လည်း နှစ်ပေါင်း ၃၀ ခန့် မြန်မာအစိုးရမဖြေရှင်းနိုင်သေးပေ။ 
ရွှေလုပ်သား

No comments:

Post a Comment