Saturday, August 9, 2014

LED မီးတိုင်ကို အားသွင်းရာမှ အပူချိန်လွန်ကဲ၍ နေအိမ်ထရံမီးလောင်

မန္တလေး သြဂုတ် ၈
မန္တလေး ချမ်းမြသာစည်မြို့နယ် ဆ(၁)ရပ်ကွက် ချမ်းမြသာစည်မြို့နယ် အားကစားကွင်း မြောက်ဘက်၊ ၇၂ လမ်းနှင့် ၇၃လမ်းကြား ညီညွတ်ရေး လမ်းကြား အိမ်အမှတ် (၈၆)တွင် နေထိုင်သော ကိုပိုင်ပိုင်(ခေါ်)ကိုပိုင် စိုးသူ (၂၇နှစ်)၏သွပ်မိုး၊ ထရံကာ နှစ် ခန်းသုံးခန်းနှစ်ထပ်နေအိမ်၌ ယနေ့ မွန်းလွဲ ၂နာရီ ၁၅မိနစ်ခန့်က နေအိမ် အပေါ်ထပ် Led မီးတိုင်ကို အား သွင်းရာ လျှပ်စစ်မီးကြိုးမှ တစ်ဆင့် အပူချိန်လွန်ကဲ၍ နေအိမ်ကာရံထား သောထရံကို မီးစတင်လောင်ကျွမ်း ခဲ့ပြီး ¤င်းနေအိမ်မီးမှတစ်ဆင့် တောင် ဘက်ကပ်လျက်ရှိသော သွပ်မိုး၊ ထရံ ကာ နှစ်ခန်းသုံးခန်း တစ်ထပ်နေအိမ် ဖြစ်သည့် ကိုကျော်ဝင်းဦး(ခ) ကိုငယ် လေးနေအိမ်နှင့် တောင်ဘက်ကပ် လျက်ရှိ ဦးတင်အောင်နေထိုင် သော နှစ်ထပ်တိုက်အပေါ်ထပ် အတွင်း ပစ္စည်းများအကုန်လောင် ကျွမ်း၍အောက်ထပ်တွင် မီးဟပ် ခံခဲ့ရပြီး အိမ်နှစ်လုံး၊ တိုက်တစ်လုံး မီးလောင်သွားကြောင်း သိရသည်။
မီးလောင်ရာသို့ စည်ပင်ယာဉ် နှစ်စီး၊ မီးသတ်ယာဉ်အစီး ၂ဝ၊ ကွပ်ကဲယာဉ် နှစ်စီးတို့မှ တာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်း သတ်မှုကြောင့် ညနေ ၃ နာရီ ၁၅ မိနစ်၌ မီးငြိမ်းသွားသည်။ မီးလောင် ခံရသည့် မီးဘေးသင့်အိမ်ထောင်စု သုံးစုမှ မိသားစုဝင် ၁၈ ဦး တို့အား ဆ(၁)ရပ်ကွက် စိတ္တသုခဓမ္မာရုံ၌ ယာယီနေရာချထားပေးကြောင်းနှင့် မီးလွတ်ရန်အတွက် သက်ကြီး ရွယ်အိုများ၊ မိသားစုဝင်များကို မီးလွတ်ရာ ချမ်းမြသာစည်မြို့နယ် အားကစားကွင်းမြောက်ဘက် ဝင် ပေါက်တံခါးမှ ကွင်းအတွင်းသို့ ဝင် ရောက်ရှောင်နိုင်ရန် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တင်မောင်(မန္တလေးကိုယ်ပွား)
Myanmaalinn


No comments:

Post a Comment