Sunday, August 3, 2014

လှည်းကူးမြို့နယ် ဒါးပိန်မြို့ မြောက်ပိုင်းလူသတ်မှု့နှင့်ပတ်သက်၍ မြို့ခံပြည်သူများထိတ်လန့်စိုးရိမ်နေ


ဒါးပိန်
ဇူလိုင်-၃၀
ဇူလိုင် ၁၇ရက်နေ့  နေ့လည် ၂း၃၀ အချိန်ခန့်က  လှည်းကူးမြို့နယ် ဒါးပိန်မြို့  ဒါးပိန်နယ်မြေရဲစခန်းအပိုင် ဒါးပိန်မြို့မြောက်ပိုင်းတွင် အသက် ၄၉နှစ် အရွယ် အမျိုးသမီးတစ်ဦးအား လည်ပင်းလှီးသတ်ဖြတ်ခံရမှု့နှင့်ပတ်သက်၍ ဒါးပိန်မြို့ခံများ ထိတ်လန့်စိုးရိမ်နေရကြောင်းသိရှိရသည်။  ။
"ကျွန်တော်တို့မြောက်ပိုင်းမှာတော့ ရဲတွေ တစ်အိမ်ဆင်းဆင်းတစ်အိမ်တက်လိုက်ပြီးစစ်နေတာပဲဗျ။  သူတို့သံသယရှိသူတွေကိုလည်း ရဲစခန်းခေါ်ပြီးစစ်ဆေးမေးမြန်းတာမျိုးတွေလည်းရှိပါတယ်။  လူသတ်တရားခံကိုတော့ ဖမ်းမိတယ်လို့ အခုထိမကြားမိသေးပါဘူး"လို့  ဒါးပိန်မြို့ခံတစ်ဦးကပြောပြသည်။ ။
လူသတ်တရားခံကိုလည်း မြန်မြန်ဖမ်းမိစေချင်ပါတယ်ဗျာ။ အခုဆို ည ၈း၀၀နာရီထိုးတာနဲ့လူတွေအပြင်မထွက်ရဲကြတော့ပါဘူး ကိုယ့်အိမ်ကိုယ် တံခါးတွေလုံလုံခြုံခြုံပိတ်ပြီး နေ နေကြရပါတယ်   တရားခံကိုမဖမ်းမိသေးတော့ အများပြည်သူသွားလာနေထိုင်မှု့မှာလည်းဘယ်လုံခြုံပါ့မလည်းဗျာ"ဟု  အဆိုပါမြို့ခံက ဆက်လက်ပြောကြားသည်။  ။

မောင်နေလ(ကြိုးကြာကွင်း)

No comments:

Post a Comment