Saturday, August 9, 2014

စူပါမွန်းဖြစ်စဉ်ကြောင့် သဘာဝဘေးများကျနိုင်သည်ဆိုသည့် ပြောစကားများကို မစိုးရိမ်ကြရန် ပညာရှင်များပြော

သြဂုတ် ၁၀ ရက်မှ စတင်မည့် ကမ္ဘာနှင့် လနီးကပ်လာကာ ဖြစ်ပေါ်မည့် စူပါမွန်း ဖြစ်စဉ်ကြောင့် ဆူနာမီငလျင် ကဲ့သို့ သဘာဝဘေး အန္တရာယ်များ ကျရောက်နိုင်သည် ဆိုသည့် နက္ခတ် ပညာရှင်များ၏ ပြောကြားချက် အပေါ် လူအများစု စိုးရိမ်ထိတ် လန့်နေကြပြီး နိုင်ငံတကာ မိုးလေ ၀သဌာနများ ကပင် သတိပေး ထားခြင်း မရှိ၍ အထူးစိုးရိမ်ရန် မလိုကြောင်း ရာသီဥတု ဆိုင်ရာ ပညာရှင်များ ကပြောသည်။
‘‘ကမ္ဘာကျော်ရာသီ ဥတုခန့် မှန်းရေးဌာန တွေဖြစ်တဲ့ JTWC တို့လို၊ NASA တို့လို ကမ္ဘာကြီးကို ခါးစောင်းတင်ပြီး လွှမ်းခြုံကြီးစိုး ထားတဲ့ Network ကြီးတွေနဲ့ အလုပ်လုပ်နေကြတဲ့ ဌာနကြီး တွေကတောင် ဘာသတင်းမှ မထုတ် ထားပါဘူး။ ကမ္ဘာပေါ်မှာ ငလျင်ကတော့ နေ့တိုင်းလှုပ်နေ တာ။ ပုံမှန်ဖြစ်နေတဲ့ ရာသီဥတု ဖြစ်စဉ်တွေကို သတင်းအနေနဲ့ တောင် ထုတ်ဖို့မလိုဘူး။ လက်ရှိ ရာသီဥတု အခြေအနေအရ စိုးရိမ် စရာမလိုပါဘူး’’ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။
လနှင့် ကမ္ဘာအနီးဆုံးဖြစ် လာမည့် စူပါမွန်းဖြစ်စဉ်ကြောင့် သြဂုတ် ၁၀ ရက်မှ ၂၅ ရက်အ တွင်း မြန်မာနိုင်ငံ အပါအ၀င် အ ရှေ့တောင်အာရှနိုင်ငံ များ၌ ဆူ နာမီငလျင်ကဲ့သို့ သဘာဝဘေး အန္တရာယ်များ ရင်ဆိုင်ရနိုင် ကြောင်း နက္ခတ်ပညာရှင် ဦးဇေ ယျာကို ကပြောထားသည်။ ထို သတင်းများ လူထုအကြား ကျယ် ပြန့်နေပြီး အထူးသဖြင့် ငလျင် လှုပ်မည်ကို အစိုးရိမ် ဆုံးဖြစ်နေ သည့် ရန်ကုန်မြို့ဒေသခံများမှာ စားသောက်ကုန်များ ကြိုတင်စု ဆောင်းနေကြသည် အထိ စိုးရိမ် မှုများရှိ နေခြင်းဖြစ်သည်။
‘‘ငလျင်ကြီးတွေ လှုပ်မယ် လို့ရပ်ကွက်ထဲမှာ ပြောနေကြ တယ်။ ဒါကြောင့် ကိုယ်နိုင် သလောက် ၁၀ ရက်စာ ကြိုဝယ် ထားတယ်။ နေတာက ရှစ်လွှာ မှာ။ ညဘက်အိပ်တောင် မအိပ်ရဲ ဘူး’’ဟု လှည်းတန်းဈေးမှ ဈေး သည်ဒေါ်အေးကြည်ကပြောသည်။
လှည်းတန်း ဈေးမှပင် ဒေါ် လေးနွယ်က ငလျင်လှုပ်မည်ကို အမှန်တကယ် ကြောက်နေပြီး ဖြစ်လာလျှင်လည်း အားလုံးခံစား ရမည်ဖြစ်သောကြောင့် ယင်း သတင်းများကို အတတ်နိုင်ဆုံး မကြားအောင် ရှောင်နေမိကြောင်းပြောသည်။
‘‘ဒီနှစ် ၂၀၁၄ စူပါမွန်းက ကျွန်တော်တို့တိုင်းပြည်အတွက် ထူးခြားတယ်။ သြဂုတ်လထဲမှာ ဂြိုဟ်ရပ်တည်မှုတွေအရ ငလျင် လှုပ်နိုင်ခြေရှိတယ်။ တချို့ပညာ ရှင်တွေဆိုက်ကတော့ စူပါမွန်း ဖြစ်တိုင်း ငလျင် မဖြစ်ဘူးပေါ့ နော်။ ဒါပေမဲ့ နက္ခတ်ပညာအရ တော့ သြဂုတ် ၁၀ ရက်ကနေ ၂၅ ရက်အတွင်းမှာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံအချို့၊ တရုတ်နိုင်ငံရော၊ အိန္ဒိယနိုင်ငံ ရောပေါ့။ ဆူနာမီပါတဲ့ ငလျင် တစ်ခုဖြစ်လာနိုင်တယ်။ မြန်မာ ပြည်အတွက် ကံကောင်းတာက တော့ ဗဟိုချက်က ကျွန်တော်တို့ ဆီမှာ မဖြစ်နိုင်ဘူး။ အိမ်နီးချင်း နိုင်ငံတစ်ခုခုမှာ ဗဟိုပြုပြီး လှုပ်နိုင်ပါတယ်’’ ဟု ဦးဇေယျာကိုက ပြောသည်။
မြန်မာနိုင်ငံတွင် အင်အား အပြင်းဆုံးလှုပ်ခတ်ခဲ့သည့် ပဲခူး ငလျင်၊ ပုဂံငလျင်နှင့် စစ်ကိုင်း ငလျင်တို့ကဲ့သို့ လှုပ်ခတ်နိုင်မှုမှာ နက္ခတ်ဗေဒပညာအရ ၂၀၁၅ မှ နောက် ခြောက်နှစ်မှသာဖြစ်နိုင် သောကြောင့် ဆူနာမီငလျင်လှုပ် ပါကလည်း ပတ်ဝန်းကျင်နိုင်ငံ တစ်ခုခုတွင် ဗဟိုပြုကာ မြန်မာ နိုင်ငံသို့ သက်ရောက်နိုင်ကြောင်း ဦးဇေယျာကိုကပြောသည်။
မိုး/ဇလဌာန ဒုတိယညွှန် ကြားရေးမှူး ဦးကျော်လွင်ဦးက သြဂုတ် ၁၅ ရက်အထိ မြန်မာနိုင်ငံ ရာသီဥတုအခြေအနေမှာ စိုးရိမ်စရာ မရှိဘဲ မုတ်သုံလေသည်လည်း အားလျော့သွားနိုင် ကြောင်း ပြောသည်။ နိုင်ငံတကာ မိုးလေ၀သဌာနများက ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေ ကြောင်း ဆိုသည်။
‘‘ပုံမှန်အတိုင်းပါပဲ။ ကျွန် တော်တို့လည်း ရာသီဥတုအခြေ အနေကို အမြဲ လေ့လာနေပါ တယ်။ ထူးထူးခြားခြားမရှိပါဘူး။ ဆူနာမီတို့၊ ငလျင်တို့ဆိုတာက လည်း ကြိုတင်ခန့်မှန်းလို့မရဘူး ဆိုတော့ အမြဲတမ်းသတိနဲ့ နေ တာတော့ မမှားပါဘူး။ အစဉ်အမြဲ သတိပြုနေရမှာပါ။ မုန်တိုင်းလို မျိုး သဘာဝဘေးတွေကတော့ လက်ရှိအချိန်မှာ မဖြစ်နိုင်ပါဘူး’’ ဟု ဦးကျော်လွင်ဦးကရှင်းပြသည်။

7Day News

No comments:

Post a Comment