Thursday, August 7, 2014

လက်မရှိသော်လည်း စန္ဒရားဆရာဖြစ်ခဲ့သူ


လက်နှစ်ဖက် မရှိသော်လည်း ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နိုင်တဲ့ လက်မရှိ စန္ဒရားဆရာ Liu Wei အကြောင်းလေးကို ရေးသား လိုက်ရပါတယ်။

Liu Wei ကို ၁၉၈၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အသက် ၁၀ နှစ်အရွယ် အရောက်မှာ မတော် တဆမူ တစ်ခုကြောင့် လက်နှစ်ဖက်စလုံး ဆုံးရှုံး သွားခဲ့ပါတယ်။ ဒါ့ကြောင့် မိဘဖြစ်သူတွေဟာ Liu Wei အားပေးစကားတွေ ပြောခဲ့ကြတယ်။ Liu Wei ဟာဆေးရုံတက်နေစဉ် အချိန်မှာပဲ သူလို လက်မရှိသူတွေကို တွေ့ခဲ့ပါတယ်။
Liu Wei ဟာ လက်နှစ်ဖက် မရှိသော်လည်း ထမင်းကို မိမိဘာသာ စားတယ် မျက်နှာသစ် သွားတိုက် စတာတွေကို မိမိကိုယ်တိုင်ပဲ လုပ်ခဲ့ပါတယ်။ ဒါကြောင် Liu Wei ဟာ အသက် ၁၂ နှစ်မှာ ရေကူးသင်ခဲ့ပါတယ်။ သူ၏ ကြိုးစားမူကြောင့် တစ်နိုင်ငံ မသန်စွမ်းသူ ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိခဲ့တဲ့ အပြင် အသက် ၁၆ နှစ်မှာ ကွန်ပျူတာဖြစ် စာရိုက်နိုင်ခဲ့ပါတယ်။ သူ၏ ကလေးဘဝကတည်းက ဖြစ်ချင်ခဲ့တာကတော့ အတီးပညာရှင် တစ်ယောက်ပါပဲ။
ဒါကြောင့် သူဟာ အသက် ၁၉ နှစ်မှာ စန္ဒရားကို စတင်ပြီး သင်ကြားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရောက်မှာတော့ သူဟာ China's Got Talent Show ပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ China's Got Talent Show ပြိုင်ပွဲမှာ You Are Beautiful ဆိုတဲ့ သီချင်းကို ကိုယ်တိုင်တီး ကိုယ်တိုင် သီဆိုခဲ့ပုံများကို https://www.youtube.com/watch?v=B1Qut0Nrsiw တွင် ဝင်ရောက်ကာ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ခြေထာက်ဖြစ် စာအမြန်ဆုံး ရိုက်နိုင်သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
သူဟာ Guinness World Records အရတစ်မိနစ် အတွင်းမှာ စာလုံးရေ ၂၃၃ လုံး သူရိုက်နိုင်ခဲ့တယ်။ သူအကြောင်း အသေးစိတ် သိရှိလိုပါက http://en.wikipedia.org/wiki/Liu_Wei_%28pianist%29 တွင် ဝင်ရောက်ကာ ကြည့်ရှုနိုင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)
ရိုးရာလေး

No comments:

Post a Comment