Thursday, August 7, 2014

ပဲခူးတွင် ဆိုင်ကယ်သမား(၃)ဦးမှ စက်ဘီးစီးလာသူ အမျိုးသမီး၏လက်ဆွဲအိတ်အား ဆွဲယူထွက်ပြေးမှုဖြစ်ပွား

 ၃-၈-၂၀၁၄ ရက်နေ့တွင် ပဲခူးမြို့၊ မြို့မရဲစခန်းအပိုင်၌ ဆိုင်ကယ်စီးလာသူ(၃)ဦးမှ ကွမ်းဆိုင်သိမ်းပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦး ဂျိုင်းကြားတွင်ညှပ်ထားသည့် မိန်းမကိုင်လက်ဆွဲအိတ်အား ဆောင့်ဆွဲ လုယူထွက်ပြေးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၃-၈-၂၀၁၄ ရက်နေ့ ည(၉း၅၅)နာရီခန့်တွင် မxxxx (၄၂)နှစ် (ဘ)ဦးxxxx၊ ကွမ်းရောင်း၊ ပုဏ္ဏားစုရပ်ကွက်၊ ပဲခူးမြို့နေသူသည် မဂ္ဂတစ်လမ်းမတန်း ဘက်မှ မှော်ကန်(၈)လမ်းအတိုင်း ကွမ်းဆိုင်သိမ်း၍ပြန်လာစဉ် မှော်ကန်(၈)လမ်း လမ်းကွေ့အရောက် အမည်မသိ(လူမြင်လျှင်မှတ်မိ)ယောင်္ကျားလေး (၃)ဦး စီးနင်းမောင်းနှင်လာသည့် အမျိုးအစားစိစစ်ဆဲ ဆိုင်ကယ်တစ်စီးမှ အနီးသို့ကပ်မောင်းလာပြီး ဆိုင်ကယ်နောက်ခုံ နောက်ဆုံးတွင်ထိုင်သည့် လူငယ်မှ မxxxx၏ ၀ဲဘက်ဂျိုင်းကြားတွင် ညှပ်ထားသည့် မိန်းမကိုင်လက်ဆွဲအိတ်အား ဆက်ခနဲဆောင့်ဆွဲပြီး ဆိုင်ကယ်ဖြင့် မှော်ကန် (၈)လမ်း လမ်းမတန်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုယူသွားသည့် မိန်းမကိုင်လက်ဆွဲအိတ်တွင် ရွှေထည်ပစ္စည်း(၅)မျိုးနှင့် ငွေ ၄၀၀၀၀ိ/-၊ စုစုပေါင်းခန့်မှန်း တန်ဘိုး ၁၂၄၀၀၀၀ိ/- ပါဆုံးသွားခဲ့သဖြင့် လက်ဆွဲအိတ်အား လုယူထွက်ပြေးသွားသူ ယောင်္ကျားလေး (၃)ဦးအား အရေးယူပေးပါရန် မxxxxမှ တိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်း (ပ)၄၆၁/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၈၂ အရ အမှုဖွင့်အရေးယူထားရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment