Friday, August 8, 2014

ညောင်လေးပင်၌ လယ်မြေဧရိယာပေါင်း ၁၈၆၉၆ ဧက ရေလွှမ်းနစ်မြုပ်

 
 ညောင်လေးပင် သြဂုတ် ၇ 

ဩဂုတ် ၁ ရက်မှ ၆ ရက် အထိ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် မြစ်ချောင်းများ ရေလျှံတက် ကာ ညောင်လေးပင်မြို့အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ်ခြင်း ခံခဲ့ရသည်။
ရာသီမိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် မြစ်ချောင်းများ ရေလျှံ တက်ကာ ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့အတွင်းရှိ ကျေးရွာအုပ်စု ပေါင်း ၃၅ အုပ်စု၊ ကွင်းပေါင်း ၁၂၄ကွင်း၊ တောင်သူပေါင်း ၂၈၆၆ ဦး၊ ဦးပိုင်ပေါင်း ၃၅၁၂၊ ဧရိယာပေါင်း၁၈၆၉၆ ဧကရှိသော စိုက်ပျိုးပြီး လယ်ယာမြေများ ရေလွှမ်းမိုးခံခဲ့ရသဖြင့် တောင်သူများ အခက်အခဲနှင့် တွေ့ကြုံနေရသည်။

အဆိုပါ ကျေးရွာ အုပ်စုများထဲတွင် မုက္ခမူကျေးရွာရှိ အမကကျောင်းနှင့် ရေဖြူကန်ကျေး ရွာရှိ အမကမူလွန်ကျောင်းတို့ ရေကြီး ခဲ့သဖြင့် ခေတ္တကျောင်းပိတ်ထားခဲ့ရပြီး မုက္ခမူကျေးရွာတွင် အိမ်ခြေ ၂၅ လုံး၊အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၉၈ ဦး၊ ရေတွင်းကုန်းကျေးရွာတွင် အိမ်ခြေ ၄၅ လုံး၊ အိမ်ထောင်စု ၄၅ စု၊ လူဦးရေ၂၂၄ ဦး၊ ရေဖြူကန်ကျေးရွာတွင် အိမ်ခြေ ၂၉ လုံး၊ အိမ်ထောင်စု ၂၉စု၊ လူဦးရေ ၁၃၀ တို့အား နီးစပ်ရာ ဆွေမျိုးများထံသို့ ခေတ္တရွှေ့ပြောင်းခဲ့ရသည်။ အဆိုပါ ရေကြီးနစ်မြုပ် ခြင်းသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မုက္ခမူကျေးရွာအုပ် ချုပ်ရေးမှူး ဦးနန်းလွင်၊ ရေဖြူကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့သည် ရေကြီးခံခဲ့ရသော လယ်ယာမြေများသို့ ကွင်းဆင်းစစ်ဆေးကာ စာရင်းများကောက်ယူပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment