Friday, August 8, 2014

နေအိမ်တွင် တစ်ဦးတည်း ရှိနေသော အဘွားအိုအား သတ်ကာ နားကပ်ဖြတ်ယူ သွားသူကို ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၇
၅.၈.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်တွင် ရွှေပြည်သာ မြို့နယ်နေ ဒေါ်ခင်ဖြူအေးမှ ၎င်းသည် အထည်ချုပ် စက်ရုံ၌ အလုပ်လုပ် ကိုင်နေစဉ် နေအိမ်၌ ကျန်ခဲ့သော မိခင်ဖြစ်သူ ဒေါ်သိန်းတင်၊(၇၆)နှစ်မှာ သွေးအိုင် ထဲ၌ လဲနေကြောင်း သားဖြစ်သူမှ ဖုန်းဆက် အကြောင်း ကြားသဖြင့် နေအိမ်သို့ ပြန်လာကြည့်ရှုရာ မိခင်ဖြစ်သူ ဒေါ်သိန်းတင်မှာ လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကို တွေ့ရှိရပြီး မိခင်ဖြစ်သူ၏ ၀ဲ/ယာ နားရွက် အဖျားများမှာလည်း ပြတ်နေကာ ၀တ်ဆင် ထားသော ကျောက်(၁)ပွင့်စီပါ ရွှေနားကပ်(၁)ရံ တန်ဖိုး(၁၀၀၀၀၀)ကျပ်ခန့်မှာ ပျောက်ဆုံး နေသည်ကို တွေ့ရှိရ သဖြင့် မိခင်အားသတ်၍ နားကပ်အား ယူဆောင် သွားသူကို စုံးစမ်း အရေးယူ ပေးပါရန် တိုင်တန်းချက်အရ ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၉၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်း ဆောင်ရွက်ခဲ့ ပါသည်။
အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်း ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များ၊ ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ယခင်က အခင်းဖြစ်ခြံဝင်းအတွင်းရှိ အိမ်တစ်လုံးစီ၌ အတူငှားရမ်းနေထိုင်ခဲ့ဘူးသော ယခု ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ပန်းခြံစု(၁)လမ်းနေ အောင်သူထက်(ခ)အောင်ရဲလင်း၊ (၂၆)နှစ်၊ (ဘ)ဦးစံရွှေအား မသင်္ကာဖွယ်စိစစ်တွေ့ရှိရသဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ ၆.၉.၂၀၁၄ရက်နေ့ ၁၄၀၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊(၁၁)ရပ်ကွက်၊ထော်ပိုင် လမ်း၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စစ်ဆေးချက်အရ အောင်သူထက်(ခ)အောင်ရဲလင်းသည် ယခုလက်ရှိနေထိုင်သော နေအိမ်အတွက် အိမ်လခ(၃၀၀၀၀)ကျပ်ပေးရန် ငွေကြေးလိုအပ်နေသဖြင့် ၁၆၁၅ အချိန်ခန့်၌ တစ်ဝင်းတည်း နေထိုင် ခဲ့ဖူးသော အခင်းဖြစ်နေအိမ်တွင် တစ်ဦးတည်းရှိနေသူ ဒေါ်သိန်းတင်အား အရိုးအသွား(၉)လက်မခန့်ရှိပဲအိတ်ခွဲသည့် ဓါးဖြင့်ထိုးကာဝတ်ဆင်ထားသာ ကျောက်ပါရွှေနားကပ်(၁)ရံအား ဖြတ်၍
ယူဆောင်သွားပြီး ရွှေပြည်သာမြို့နယ်ရှိ အပေါင်ဆိုင်၌ ငွေကျပ်(၆၅၀၀၀)ဖြင့် ပေါင်းနှံထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး အောင်သူထက်(ခ) အောင်ရဲလင်းအား အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment