Monday, April 7, 2014

DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ DVB သတင်းထုတ်ပြန်ကြေညာချက်

By ဒီဗွီဘီ

မကွေးမြို့နယ် ပညာရေးဌာနက တရားလိုပြုကာ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်နေ့တွင် မကွေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)သည် အများပြည်သူသိလိုသော ပညာသင်ဆု ဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာနမှတဆင့် ရယူခဲ့ခြင်းမှာ သတင်းထောက် တယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဒီဗွီဘီ သတင်းဌာနက ယုံကြည်ပါသည်။
ထိုကြောင့် သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ပြစ်ဒဏ်ချမှတ်မှုကို ဒီဗွီဘီ သတင်းဌာနအနေနှင့် လုံးဝ ကန့်ကွက်ရှုတ်ချပါသည်။
မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေ သည်ဟု တာဝန်ရှိသူများက ပြောဆိုနေချိန်တွင် ယခုကဲ့သို့ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ထောင်ဒဏ်ချမှတ်ခြင်းသည် စာနယ်ဇင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တားမြစ်ခြင်းဟု ဒီဗွီဘီ သတင်းဌာနက ယုံကြည်သည်။
DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှင့် အမှုတွဲ ကိုဝင်းမြင့်လှိုင်တို့အား ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။

DVB သတင်းဌာန
ဆက်သွယ်ရန် – (၀၁)၂၉၉၆၄၄၊ (၀၉)၄၂၁၁၁၁၆၄၆၊ (၀၉)၇၃၂၅၇၀၀၁

No comments:

Post a Comment