Friday, April 11, 2014

ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက်

ဧပြီ(၁၁)ရက်၊ ၂၀၁၄

အခုရက်ပိုင်း အွန်လိုင်း လောကမှာ နာမည်ကြီးပြီးလူပြောများနေတဲ့ ကိစ္စကတော့ သရုပ်ဆောင် ဆုပန်ထွာ တို့ စုံတွဲ ဓာတ်ပုံနဲ့ ဝေဖန်မှုတွေပါဘဲ။ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ဟာ ဧပြီလ ၉ ရက်နေ့ က စေ့စပ်ကြောင်းလမ်းပွဲလေး တခုလုပ်ပြီး ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ 



 ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

အဲဒီမှာပဲ ဝေဖန်မှုတွေနဲ့ အွန်လိုင်းလောကကို ဆူညံသွားပြီး တချိန်က နာမည်ကြီး အဆိုတော်တဦးနဲ့ ကိုဥက္ကာကျော် တွဲရိုက်ထားတဲ့ ဓာတ်ပုံ၊ သတင်းစာမှာ ကိုဥက္ကာကျော်ရဲ့ ဇနီးသည်က ထည့်သွင်းတဲ့ 
ကြော်ညာ စသဖြင့် အတော်ပွဲဆူနေပါတယ်။ 

ဒီကိစ္စကို ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။ 







ကျနော် ကိုဥက္ကာကျော်ပါ ခင်ဗျာ။ 

အခုဖြစ်နေတဲ့ သတင်းလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်ပါတယ်။ အဲဒီ သတင်းစာမှာ ပါတဲ့ဟာ က ပြီးခဲ့တဲ့ နှစ်က ဟာပါ။ ခုချိန်မှာ တရားဝင် ကွာရှင်းပြီးသား စာချုပ်စာတန်းတွေ ကျွန်တော့မှာရှိပါတယ်။ 

ပန်ပန်ကလဲ တရားဝင်ပြီးလို့ ကျွန်တော့ကို လက်ခံခဲ့တာ။ အဖြစ်မှန်ကို မသိပဲ ထင်ရောင်ထင် မှား 
ကောလဟာလ တွေရေးနေကြတဲ့ အတွက် ကျွန်တော် တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ 

ကျွန်တော်လဲ မိန်းမရှိရဲ့သားနဲ့ သူများသားသမီးကို စေ့စပ်ဘို့ ကြိုးစားမှာ မဟုတ်ဘူး။ ပန်ပန်ကလဲ မလွတ်လပ်တဲ့သူဆို လက်ခံမဲ့ မိန်းကလေး အတန်းအစား မဟုတ်ဘူး။ 

ကျွန်တော်ပန်ပန့်ကိုရဘို့ သူကိုယ်တိုင်က အမွေဖြတ်ခိုင်းလို့ ကျွန်တော့အိမ်ကို "ကျွန်တော့ကို အမွေဖြတ် လိုက်" လို့ပြောပြီး ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပြီး အိမ်ပေါ်က ဆင်းလာခဲ့တာ။ 

ကျွန်တော် အရမ်းချမ်းသာတဲ့ လူလဲ မဟုတ်ဘူး။ သူ့ကိုရဘို့ ကျွန်တော့ ဘဝကို သုညက စရတာပါ။ 

ကျွန်တော် တကယ်ချစ်ပြီး တန်ဘိုးထားရတဲ့ ဖြူဖြူစင်စင် မိန်းကလေးတယောက်... ကျွန်တော့ကြောင့် မဟုတ်မမှန် ကောလဟာလတွေ ပြန့်နှံ့သွားတဲ့ အတွက် ကျွန်တော့ဘက်က သူ့အပေါ်မှာ တသက်လုံး တာဝန်ကျေနိုင်အောင်ကြိုးစားသွားမှာပါ။ 

အခု လူတွေ ရေးနေကြတဲ့ comment တွေနဲ့ ကျွန်တော်တို့ လက်တွေ ကြုံတွေ့ ခံစားနေရတာတွေ နဲ့ တခြားစီပါပဲ။ မြန်မာ မိန်းကလေး တစ်ရောက် အနေနဲ့ ကျွန်တော့ကြာင့် အခုလို အရေးခံရတာ ကွန်တော့မှာ တာဝန်ရှိတယ်။ အားလုံးသိအောင် ပြောပြတာပါ။ 

ကျေးဇူးတင်ပါတယ်။

အထက်ပါ စားသားများဟာ ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~
ဧရာဝတီ  

No comments:

Post a Comment