Tuesday, April 8, 2014

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၅)၊ မြို့ရှောင်လမ်းဘေးအနီးရှိ ဈေးဆိုင်ပေါင်း (၅၉)ဆိုင်အားဖျက်သိမ်းတော့မည့်အရေး ဈေးသည်များစိုးရိမ်ပူပန်နေရ





ဧပြီ(၈)
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြိုသစ်၊ ရပ်ကွက်ကြီး(၅)၊ မြို့ရှောင်လမ်းဘေးအနီးရှိ ဈေးဆိုင်(၅၉)ဆိုင်အား ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်၏
ညွန်ကြားချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့ နောက်ဆုံးထား အပြီးဖျက်သိမ်းပေးရမည်ဟု ညွန်ကြားထားသောကြောင့်  ဈေသည်များနှင့် မိသားစု
ဝင်ပေါင်း လူဦးရေ(၃၀၀)ကျော်ခန့် ဒုက္ခရောက်နေရကြောင်း အချင်းဖြစ်ဈေးသည် တစ်ဦးမှ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီသို့
ပြောကြားသည်။

၂၀၁၄ခုနှစ်၊ ဧပြီလ(၈)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီ ဥက္ကဌ ဦးညိုလင်းမောင် ဦးဆောင်သောအဖွဲ့မှ အချင်းဖြစ်
ပွားရာ နေရာရှိ ဈေးသည်များနှင့်အုပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအား ဖြစ်စဉ်အခြေအနေသိရှိရန် သွားရောက်မေးမြန်းခဲ့ရာ '' ကျမတို့ အခုလက်ရှိ ဈေးရောင်းနေတဲ့
ဆိုင်ခန်းတွေက ပြီးခဲ့တဲ့ ၂၀၀၇/၂၀၀၈ ခုနှစ်ကတည်းက ၁၀ပေပတ်လည် မြေနေရာ ဆိုင်ခန်းတစ်ခန်းစာအတွက် (၃၀၀၀)ကျပ်ပေးရတယ်၊ ဆိုင်လခက ၁လကို (၁၀၀၀)ကျပ်
လစဉ်ပေးရတယ်။ ဒီနေရာမှာ ကျူးကျော်ပြီး နေထိုင်ရောင်းချတာမဟုတ်ဘူး၊ ယခင်ရပ်ကွက် ဥက္ကဌ/ယခုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းကို သက်မှတ်နှုန်းထားအတိုင်း
ပေးဆောင်ပြီးနေထိုင်ရောင်းချလာရတာ။ ရပ်ကွက်ထဲမှာလည်း ကျမတို့နေအိမ်တွေမရှိဘူး။ ဒီဈေးဆိုင်လေးကို အမှီးပြုပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာပါ။ ယခုလို
ဖျက်သိမ်းရမယ်ဆိုတော့ ကျမတို့ မိသားစုတွေဘယ်မှာ သွားနေရမလဲ။ ကျမတို့မိသားစုတွေရဲ့ လူနေမှုဘ၀ဘယ်လို့ ရပ်တည်ရမလဲ။ နေစရာလည်းမရှိ၊ သွားစရာလည်းမရှိသည့်
အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျမတို့ကို မြေနေရာလေးတစ်ခုလောက်တော့ စီစဉ်ပေးသင့်ပါသည်"ဟု ဖျက်သိမ်းခံရမည့် ဈေးဆိုင်ပိုင်ရှင် ဒေါ်ညိုမှ ပြောကြားသည်။

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၅)၊ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအား အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ရာ '' ဟုတ်တယ်ခင်ဗျ။ ဧပြီလ(၅)ရက်နေ့ နောက်ဆုံး
ထားပြီး ဒီဈေးဆိုင်တွေဖျက်သိမ်းပေးရမည့် ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ အမိန့်ညွန်ကြားချက်ထုတ်ထားပါတယ်။ ဒီဈေးသည်တွေက ယခင် ၂၀၀၀ခုနှစ်လောက်က ပဲခူး
မြို့၊ ကျောက်တွင်းကုန်း အခွန်လွှတ်ဈေးဖျက်သိမ်းတော့ ဥဿာဂေါက်ကွင်းနားပြောင်းရွေ့ပေးခဲ့တဲ့သူတွေ။ နောက်ပိုင်း ၂၀၀၇/၂၀၀၈ ခုနှစ်လောက်မှာ ဥဿာဂေါက်ကွင်းနားကနေ
ပြောင်းရွေ့ခံရတော့ ကျွန်တော်ပဲ ယခုလက်ရှိနေရာမှာ ၁၀' ပေးပတ်လည် မြေနေရာ ဆိုင်တစ်ခန်းအတွက် ငွေ ၃၀၀၀ကျပ်နဲ့ သူတို့ကို လျှောက်ခိုင်းတယ်။ စုစုပေါင်း တရားဝင်
လျှောက်ထားတဲ့ဆိုင် (၃၀)ကျော်လောက်တော့ရှိတယ်။ ကျွန်တော်မှာ လျှောက်ထားတဲ့သူတွေရဲ့ စာရွက်စာတမ်းအပြည့်အစုံရှိတယ်။ မလျှောက်ပဲ ရောင်းချတဲ့သူတွေလည်းရှိတယ်။
ဈေးဆိုင်အကြီးဆိုလျှင် တစ်လ (၁၀၀၀)ကျပ်၊ ဈေးဆိုင်အသေးဆိုလျှင် တစ်လ(၅၀၀)ကျပ် ဈေးကော်မတီတွေက ကောက်တယ်။ ဈေးဆိုင်မထွက်ဘဲ ဒီအတိုင်းနေထိုင်တဲ့သူတွေကို
တော့ မကောက်ဘူး။ ဈေးသည်တွေဆီက လစဉ်ကောက်ခံတဲ့ပိုက်ဆံတွေကိုတော့ ဈေးဆိုင်တန်း မီးတိုင်(၁၀)တိုင် မီးလင်ဖို့၊ ကျွန်တော်တို့နားက သိရိဥဿာခန်းမမှာ လူကြီးတွေအ
စည်းအဝေရှိလျှင် လမ်ပေါ်ကမျက်တွေရှင်းရတယ်။ မိုးဦးကျ ရေစီးရေလာကောင်းအောင် ရေမြောင်းတွေပေါက်ရတယ်။ သံဃာတော်တွေစာမေးပွဲဖြေဆိုတဲ့အခါ အအေးတိုက်ရတယ်။
အဲဒီကုန်ကျစရိတ်တွေကို ရပ်ကွက်ထဲက မကောက်ခံဘူး။ ခေါ်ခိုင်းလို့ကလည်း မဖြစ်ဘူး။ ဒီဈေးသည်တွေဆီက ကောက်ခံရရှိထားတဲ့ငွေတွေနဲ့ပဲ အသုံးပြုရပါတယ်။ စပြီးနေရာပေးစဉ်
ကလည်း ယာယီဆိုင်ခန်းအဖြစ် ဈေးရောင်းခွင့်ချထားပေးထားတာ။ဖျက်သိမ်းရမည့်ဈေးသည်းတွေလိုချင်တာက ခြံမြေနေရာ။ ကျွန်တော်တို့ ရပ်ကွက်မှာ ဈေးမရှိသေးသည့်အတွက်
ဥဿာမြို့သစ် ဘောလုံးအားကစားကွင်းနားမှာ အကျယ် ၁၀' ပေ၊ အမြင့် ၁၂' ပေ ဈေးဆိုင်၊ လူ(၃)ဦးပဲအိပ့်ရမယ်၊ အားကစားကွင်းကိုလည်း လစဉ်ကြေားပေးသွင်းရမည်ဆိုပြီး လူကြီး
တွေကိုပြောပြီး စီစဉ်ဖို့လုပ်သေးတယ်။ ဈေးသည်တွေက လက်မခံဘူးဖြစ်နေတယ်"ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ဆက်လျဉ်း၍ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ ပဲခူးခရိုင်စည်းရုံးရေးကော်မတီအနေဖြင့် ဖျက်သိမ်းခံရမည့် ဈေးဆိုင်းခန်း(၅၉)ခန်းမှ ဈေးသည်တွေ၏ သဘောထားနှင့်
ဖြစ်ချင်သည့်ဆန္ဒများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင်းလည်း  ဈေးသည်တွေကိုယ်စား တိုက်ရိုက်ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါက်တာလမ်းပြကြယ်

No comments:

Post a Comment