Sunday, April 6, 2014

အာဖဂန်နစ်စတန်သမ္မတ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံး

အာဖဂန်နစ်စတန်သမ္မတ ရွေးကောက်ပွဲ ဟာ ဧပြီလ ၅ ရက်နေ့က အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါပြီ။ မဲပေးသူတွေဟာ သမ္မတလောင်းကိုယ်စားလှယ်ကိုသာမက ခရိုင်ကောင်စီ ကိုယ်စားလှယ်တွေကိုပါ တပြိုင်တည်း မဲပေးခဲ့ကြတာပါ။
Afgean Electionသမ္မတလောင်းကိုယ်စားလှယ် ၃ ယောက် ရွေးကောက်ပွဲကနေ နှုတ်ထွက်သွားခဲ့လို့ ကိုယ်စားလှယ် ၈ ယောက်သာ ရွေးကောက်ပွဲ ပြိုင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ခရိုင်ပေါင်း ၃၄ခုက ခရိုင်ကောင်စီဝင် ရာထူးနေရာ ၄၅၈ နေရာအတွက် ကိုယ်စားလှယ် ၂၅၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်အရွေးခံခဲ့ပါတယ်။ အဲဒီထဲက ၉၆ နေရာကတော့ အမျိုးသမီးတွေ အတွက်ပါ။
သမ္မတလောင်းကိုယ်စားလှယ်ထဲမှာ ရှေ့ပြေးလူကြိုက်များနေတာကတော့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း အဗ်ဒူလာ အဗ်ဒူလာနဲ့ ဇိုမိုင်း ရာဆူး၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း အဲ့ရှ်ရဲ့ဖ် ဂါနီ အာမဒ်ဇိုင်တို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွင်း ဧပြီ ၅ ရက်နေ့က မဲပေးရာမှာ တချို့ မဲရုံတွေမှာ မဲစာရွက် ကုန်သွားလို့ ဒေသခံတွေ စိတ်ပျက်ခဲ့ကြပါတယ်။ မဲပေးဖို့ ကြိုးစားရင် မဲပေးသူတွေကို ပစ်မှတ်ထားမယ်လို့ တာလီဘန်တွေက အရပ်သားတွေကို ခြိမ်းခြောက်ခဲ့ပေမယ့် မဲပေးမှု ရာခိုင်နှုံးက အားကောင်းခဲ့ပါတယ်။
မဲပြားအတု သုံးဖို့ကြိုးစားမှုနဲ့ လူအတော်များများကို နေရာအသီးသီးက ဖမ်းမိထားတယ် ထောက်လှမ်းရေးအပါအ၀င် အရာရှိ ၆ ယောက်ကို မဲသမာမှုလုပ်ဖို့ ကြိုးစားမှုနဲ့ ဖမ်းထားတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့ မဲပေးမှုအတွင်း ဘယ်ကိုယ်စားလှယ်မှ ၅၀ ရာခိုင်နှုန်းကျော်နဲ့ မဲမနိုင်ခဲ့ရင် ရှေ့ပြေး ၂ ယောက်ကို မေလ ၂၈ ရက်နေ့မှာ ထပ်ပြီး မဲပေး ရွေးချယ်ရဖို့ ရှိပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment