Sunday, April 6, 2014

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်အား အရေးယူဆောင်ရွက်ပေးပါရန်



ပဲခူးမြို့၊ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်အောင်သည် အုပ်ချုပ်ရေးမှူးရာထူးကို (23.7.2013)ရက်နေ့တွင် စတင်လွှဲပြောင်းတာဝန်ယူခဲ့ပါသည်။ တာဝန်ထမ်းဆောင်ပြီးသည့်နေ့မှစ၍ 2013-ခုနှစ် (၈)လပိုင်း
တွင် ဦးမြင့်အောင်သည် ဗိုလ်ချုပ်လမ်းရှိ ဦးတာတီး(ခ)ဦးအောင်စိုးမိုးထံမှ ငွေကျပ်(500000ိ/) ငါးသိန်းကျပ်တိတိရယူကာ ၄င်းကျူးကျော်ခဲ့သောမြေအား ရောင်းစားခဲ့ပါသည်။ ဦးမြင့်အောင်သည် ယခင်ကလည်း

ပြည်ခိုင်ဖြိုးအမည်ဖြင့်နေရာလွှဲပြောင်းသည်ဟုဆိုကာ ကျူးကျော်မြေအား ဦးတာတီး(ခ)ဦးအောင်စိုးမိုးထံရောင်းစားခဲ့ဖူးပါသည်။ ထိုသို့ရောင်းစားသော အထောက်အထားစာရွက်စာတမ်းတို့ကို ဦးတာတီးထံတွင်
ရရှိနိုင်ပါသည်။ ထိုသို့ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျူးကျော်မြေရောင်းစားနေသည်ကိုသိ၍ မဇင်းရပ်ကွက်နေသူ တစ်ဦးမှ ငွေကျပ်(300000ိ/)သုံးသိန်းကျပ်တိတိပေးကာဝယ်ယူရာ ဦးအောင်မြင့်မှ
`` မင်းတိုလုပ်ပုံကလူသိမယ် ပထမကျူးကျော်ထားတဲ့ခြံကမြေနေရာကိုတိုးချဲ့ထားလိုက် အဲ့ဒီနေရာမှာမင်းဝင်ဆောက် ´´ ဟုဆိုကာ ငွေကျပ်(300000ိ/)သုံးသိန်းကျပ်တိတိရယူကာ ကျူးကျော်မြေကိုရောင်းခဲ့ပါသည်။
၎င်းပိုင်ရာအိမ်မှူးသိပါသည်။ ထို့နောက် တတိယအကြိမ် အဝေရာလမ်းသွယ်နေရာတစ်ခုအား ထွန်းထွန်းဝင်းဆိုသူကို (1.10.2013)ရက်နေ့တွင် ငွေကျပ်(700000ိ/)ခုနှစ်သိန်းကျပ်တိတိ ရယူကာ မြေစာရင်းမြေပေါ်မှာ
ငါကြည့်ပြီးပြီ အဲ့ဒီနေရာက မြေလွတ်ဟုဆိုကာထပ်မံရောင်းစားခဲ့သည်ကို ဦးအုန်းသွင်(ရာ/မှူး)သိရှိ၍ မလုပ်သင့်ဟုဆိုကာ ပြဿနာတက်ခဲ့ပါသည်။ ၄င်းကျူးကျော်မြေရောင်းစားရာတွင်လည်း ကျူးကျော်မြေများတွင်
ဝင်ရောက်ပါက ချက်ချင်းဖျက်ခိုင်းရမည်ကိုသိပါလျှက် မဖျက်နိုင်ခြင်း၊ ငွေကြေးရယူကာ နှစ်ကုန်မှဖျက်ဟုရုံးတွင် ၀န်ခံကတိထိုးခိုင်းခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့အပြုအမူများကို သက်ဆိုင်ရာ(ရာ/မှူး)ဦးအုန်းသွင်၊
ဦးအောင်လွင်၊ ဦးမိုးဇော်နှင့် ဦးချစ်အေးတို့သိရှိပါသည်။ ၄င်းအပြင် နိုင်ငံတော်မှချပေးသောရုံးသုံးစရိတ်ရှိပါလျှက်နှင့် ထောက်ခံစာတစ်စောင်ကို(500ိ/)ကျပ်ယူခြင်း၊ ရာအိမ်မှူးများထံမှ ယာယီဧည့်စာရင်းကို (200ိ/)ကျပ်
ယူကာ ဦးမောင်ညွန့်ဆိုသူ အုပ်ချုပ်ရေးမဟုတ်သူအား ယာယီစာရေးဟုခန့်ကာ ၄င်းမှတောင်းယူခိုင်းကြောင်းသိရှိရပါသည်။ ရုံး၏တံဆိပ်ကိုလည်း ရပ်ကွက်တရားဝင်စာရေးအား မပေးထားဘဲ အပြင်လူဦးမောင်ညွန့်အား
ပေးထားကာ ရုံးပေါ်တွင်ချယ်လှယ်နေပါသည်။
မရှိဆင်းရဲသားများ အတိုးနှုန်းနည်းစွာဖြင့် ငွေချေးရာတွင်လည်း အိုအိမ်ပိုင်ဆိုင်ကြောင်းထောက်ခံစာမရေးပေးဘဲ စာချုပ်သစ်ပြန်ချုပ်ရမည်ဟုဆိုကာ (15000ိ/ကျပ်မှ 20000ိ/ကျပ်)အထိရယူပြီး အိမ်စာချုပ်ရှိမှငွေချေး
၍ရမည်ဟုဆိုကာ စာချုပ်သစ်ပြန်လည်ချုပ်ဆိုခိုင်းခြင်း၊ လွန်ခဲ့သောနှစ်(20)ခန့်ကစာချုပ်များပေါ်တွင် တံဆိပ်ရိုက်ပေးခြင်းကြောင့် ယခင်နှစ်(20)က၀ယ်ယူဈေးနှုန်းနှင့် ယခုပေါက်ဈေးကွာဟနေ၍ မဟုတ်သောအရာကို
ဟုတ်သရောင်ဆောင်၍ ကိုယ်ကျိုးအမြတ်ထုတ်နေပါသည်။ ဦးမြင့်အောင်သည် ဧည့်စာရင်းစစ်ရာတွင် ဒဏ်ငွေရိုက်ခြင်းများကြောင့် `` အသက်(70)ခန့် အဖွားအိုအား ခင်ဗျားအိမ်မှာမရှိဘဲ သားသမီး/မြေး အိမ်တစ်လမ်း
ထဲဖြစ်ပါစေ နေခွင့်မရှိဟူ၍ အုပ်ချုပ်ရေးရုံးခေါ်၍ ဒဏ်ငွေ(5000ိ/)ကျပ်ရိုက်မည် မရလျှင် တရားရုံးတင်မည်ဟုဆို၍ နန်းဦး(၈)လမ်းတွင်နေထိုင်သော အဖွားအိုဒေါ်မြင့်ရီမှ ငါ့မြေး(3000ိ/ကျပ်သာပေးပါရစေ အဖွား
ကထိန်သင်္ကန်းကပ်လှူရန်အတွက် စုထားတာပါဟုတောင်ပန်းသော်လည်း မရ၍ (၉)လပိုင်းလဆန်း ၂၀၁၃-ခုနှစ်တွင် အင်တာနက်ပေါ်မှ တိုင်ကြားခြင်းခံခဲ့ရသောသူဖြစ်ပါသည်။ ကလျာဏီ လ၀က တိုက်နယ်မှူးနှင့်
ပူးပေါင်းကာ ``ခင်ဗျားတို့ဒီအပိုင်းမှာနေရင် သန်းခေါင်စာရင်းရှိရမယ် မရှိရင်မနေနဲ့ ကျုပ်ရှိအောင်လုပ်ပေးမယ် လ၀ကကိုကျုပ်ပြောပြီးပြီ ပုံစံ(၁၀)မပါလည်းရတယ် ´´ ဟုဆိုကာ ကျူးကျော်မြေနေသူများအား သန်း
ခေါင်စာရင်းတစ်စောင်လျှင် (20000ိ/)ကျပ်ရယူကာ ထုတ်ပေးခဲ့ပါသည်။ ၄င်းသန်းခေါင်စာရင်းကိုကြည့်လိုပါက ရွှေဂူလေးကျူးကျော်မြေများတွင် နေထိုင်သူများထံ၌ တွေ့နိုင်ပါသည်။ ဖုန်းမဲများတစ်လတစ်ကြိမ်ဖောက်
ပေးရာတွင်လည်း ရုံးသုံးစရိတ်ဟုဆိုကာ တစ်လလျှင် တစ်ကဒ်နှုန်းထုတ်ယူလျှက်ရှိပါသည်။ ၄င်းအပြင်ဖုန်းမဲများပေါက်သော အိမ်များထပ်မံ မနှိုက်ရဟုဆိုသော်လည်း ယခင်ဦးမြင့်အောင်သည် (0931202023)ကိုပေါက်
ပြီး ပြန်လည်ရောင်းစားခဲ့သည့်အပြင် ယခုအခါ၎င်း၏နေအိမ်၌ သူ့ဇနီးနှင့်တကွ သားသမီးများပါ ဖုန်းတစ်ယောက်တစ်လုံးရယူ၍ အမြတ်ထုတ်အသုံးပြုနေပါသည်။ ၄င်းအပြင်ထိုသူသည် 2006 ခုနှစ်တွင် အဖွဲ့ဝင်(၁)
ပြုလုပ်ခဲ့စဉ်က ကျူးကျော်မြေများကျူးကျော်ထားသူများကို ယခုအခါပြန်လည်ရောင်းစားသည်ကို အကျိုးအမြတ်ယူ၍ အရောင်းအ၀ယ်စာချုပ်ပြုလုပ်ပေးခြင်းကို အုပ်ချုပ်ရေးမှူး စီးတံဆိပ်ရိုက်နှိပ်ထားသော စာချုပ်အား
ရွှေချောင်းတံတားထိပ် မလှဝင်းအိမ်ကို (92)သိန်းဖြင့် ကျူးကျော်မြေရောင်းစားမှုတွင် ချုပ်ဆိုပေးခဲ့ခြင်းရှိခဲ့ပါသည်။ထို့အပြင် ရုံး၏လုပ်ထုံးလုပ်နည်းများမှားယွင်းပြီး ခလေးအခြားသူသို့ပေးကမ်းသည်ကိုလက်မှတ်ထိုး
ပေးခြင်းဖြင့်တိုင်ကြားခံရသလို ဇေတ၀န်ဘုန်းကြီးကျောင်းမြေတိုင်းမှုတွင်လည်း မှားယွင်းစွာဆုံးဖြတ်၍ တိုင်စာများဖြင့်တိုင်းကြားခံရသူဖြစ်ပါသည်။ ၄င်းအပြင်ပညာအရည်အချင်းမှာအလွန်နည်းပြီး ထိုသို့မှားယွင်း
ခဲ့ပါသဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အား ပညာရေးဖြင့်တည်ဆောက်အံ့ဆိုရာ၌ ရပ်ကွက်အုပ်ချုပ်ရေးတွင်လည်း ပညာနည်းသောဦးမြင့်အောင်အား ဖယ်ရှားပေးရန်တိုင်ကြားအပ်ပါသည်။ ကလျာဏီရပ်ကွက်
အုပ်ချုပ်ရေးမှူးဦးမြင့်အောင်သည် မြို့နယ်အုပ်ချုပ်ရေးမှူး၏စေခိုင်ချက်အရ 2014-ခုနှစ်၊ မတ်လအတွင်း၌ စာမေးပွဲဝင်ရောက်ဖြေဆိုကြကုန်သော သံဃာတော်များအတွက် ဆွမ်းကွမ်းစရိတ်ဟုဆိုကာ ရာအိမ်(၁)ပိုင်တွင်
ငွေကျပ်(15000ိ/)နှုန်းဖြင့် ရာအိမ်(၂၁)ပိုင်အတွင် ငွေကျပ်(315000ိ/)ကျပ်ကောက်ခံရယူပြီး သံဃာတော်များအတွက် ငွေကျပ်(30000ိ/)ကပ်လှူ၍ ကျန်ငွေများကို ကိုယ်ကျိုးအတွက်ရယူအသုံးပြုခြင်း၊ သင်္ကြန်ကြေး
များကောက်ခံရာတွင်လည်း ရာအိမ်(၁)ပိုင်အတွက် (15000ိ/)ကျပ်နှုန်းဖြင့် ရာအိမ်(၂၁)ပိုင်အတွက် ငွေကျပ် (315000ိ/)ကျပ်ကောက်ခံရယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ငွေကျပ်(150000ိ)နှုန်းသာသွင်း၍ ကျန်
ငွေများကို ရပ်ကွက်နေပြည်သူများထံမှရယူပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေခြင်းကြောင့် ၄င်းအုပ်ချုပ်ရေးမှူးအား နေရာမှရပ်စဲပေးပါရန်တိုင်ကြားအပ်ပါသည်။ အချုပ်အားဖြင့် ၄င်းအုပ်ချုပ်ရေးမှူးသည် ရပ်ကွက်အတွင်း
ကျူးကျော်မြေများကို ကိုယ်ကျိုးအမြတ်ထုတ်၍ ရောင်းစားရန်အုပ်ချုပ်ရေးမှူးနှင့်မကိုက်ညီသော အရက်ရောင်းစားခြင်း၊ ပညာနှင့်ဆုံးဖြတ်ရသောကိစ္စများ၌ ပညာအရည်အချင်းမရှိ၍ ရပ်ကွက်ရုံးနှင့်မသက်ဆိုင်သော
ဦးမောင်ညွန့်အား ရေးသားဆုံးဖြတ်ခိုင်းခြင်း၊ ရပ်ကွက်နေပြည်သူတို့၏ငွေကြေးများကို မြို့နယ်၏စေခိုင်းချက်အရဟုဆိုကာ ကိုယ်ကျိုးအမြတ်ထုတ်ခြင်း၊ နိုင်ငံတော်မှပြည်သူတို့၏ လူနေမှုစနစ်မြင့်မားရေးအတွက် ချ
ထားပေးသောမိုဘိုင်းဖုန်းကဒ်များအား အလွဲသုံးစားပြု၍ ကိုယ်ကျိုးအမြတ်ထုတ်ခြင်းများကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်အားရာထူးမှထုတ်ပယ်ကာ အုပ်ချုပ်ရေးစနစ်များနဲ့အညီ ဆောင်ရွက်ပေးပါရန် ရပ်ကွက်
နေပြည်သူများမှ နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်အကြီးအကဲများ သိရှိအောင် မီဒီယာမှ တဆင့် အများပြည်သူအကျိုးရှုမျှော်၍ တိုင်ကြားအပ်ပါသည်။

ကလျာဏီရပ်ကွက် နေပြည်သူများ


No comments:

Post a Comment