Friday, March 28, 2014

တပ်မတော်ကအခွင့်အရေးမယူဘူးတဲ့လား?


Saturday, March 29, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ

"တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဌာန်းထားတဲ့မူ မဟုတ်ဘူး၊ ဒါ့ကြောင့်ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ ဆန္ဒကို လေးစားရမှာဖြစ်တယ်၊ "လို့ဆိုသွားတယ်

၂၀၀၈အခြေခံဥပဒဟာပြည်သူထောက်ခံဆန္ဒမဲ ၉၂.၄၈က အတည်ပြုခဲ့တယ် ဆိုတာမှန်ရဲ့လား ။လူ၁၀၀မှာ ၉၂ယောက်လောက်ကအတည်ပြုခဲ့တယ်ဆိုတာလူတိုင်းစေ့နီးပါးသဘောတူတယ်သဘောပေါ့နော်။ဒါဆိုရင်

၁။ ဒီအခြေခံဥပဒေအတည်ပြုတဲ့ အချိန်မှာမြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြီးတိုက်ပြီး မြစ်ဝကျွန်းပေါ်မှာ လူသိန်း နဲ့ချီသေပြီးသန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်နေတုံး ဒုက္ခရောက်နေသူတွေကို မကယ်ဘဲကိုယ့်လူမျိုးတွေသေပါစေ အခြေခံဥပဒေဆန္ဒခံယူပွဲကိုတော့ ရက်အရွေ့နိုင်ဘူးလို့ လုပ်ခဲ့တာကို ၉၂.၄၈က ထောက်ခံခဲ့ပါတယ်လို့ ပြောရဲတာအတော် အရှက်ကင်းမဲ့တဲ့ စကားဘဲလို့ ယူဆမိပါတယ်။

၂။ ယနေ့အခြေခံဥပဒေပြောင်းလဲပေးရေးကို မြို့နယ်တွေ၊ တိုင်းတွေ၊ပြည်နယ်တွေမှာ ဘာလို့ပြည်သူတွေက အုံးအုံးကြွက်ကြွက်တက်တက်ကြွကြွတောင်းဆိုနေကြလဲ? သူတို့ထောက်ခံမဲပေးလို့ အတည်ပြုခဲ့ပါတယ်ဆိုရင် ဒီလူတွေက ဆန့်ကျင်ဆန္ဒပြကြပါ့မလား? ဆန္ဒခံယူပွဲလုပ်တုံးက အခုလိုမိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှိခဲ့လို့လားလို့ တပ်ချုပ်ကိုမေးချင်ပါတယ်။

၃။ တပ်မတော်သား၂၅% ရွှေကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်
မှာလာထိုင်ပြီး ဆုံးဖြတ်မှုတွေမှာ မဲပေးခွင့်ဟာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? တပ်ချုပ်ကသာကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကိုခန့်ခွင့်ရှိတယ်ဆိုတာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? တပ်ချုပ်ကသာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ ပါတဲ့၁၁ဦးထဲက ၅ဦးကိုရွေးချယ်ခွင့်ပေးထားတာ အခွင့်အရေးယူတာ မဟုတ်ဘူးလား? ။

၎။ အခြားမပြောလိုပါဘူး တပ်ချုပ်ကြီးကိုစိမ်ခေါ်ချင်ပါတယ်။ ပြည်သူကြားမှာမပြောနဲ့တပ်တွင်းမှာဘဲ အခန်းတွေကိုလုံလုံခြုံခြုံကာပြီးချိမ်းခြောက်မှုမပါဘဲ အခြေခံဥပဒေပြင်သင့်မပြင်သင့်ဆန္ဒမဲခံယူကြည့်ပါ။ ဘယ်လိုတပ်က ရဲဘော် အကြပ်တပ်သားတွေက ဆန္ဒမဲပေးကြမလဲဆိုတာ တပ်ချုပ်ကြီး မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ်။ ပြည်သူတွေအပြင် ရဲဘော်တွေကအစ ဘယ်လိုဆန္ဒရှိနေကြတယ် ဆိုတာ ဖေါ်ထုတ် ကြည့်ပါလို့ အကြံပြုစိမ်ခေါ် လိုက်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
Dawnmanhon( ဒေါင်းမာန်ဟုန်)
 
Copy from www.myanmarcnn.com

No comments:

Post a Comment