ရန်ကုန်၊ မတ် ၂၆
၂၃.၃.၂၀၁၄ရက်နေ့ ၂၃၃၀အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက်၊ (၄၆)လမ်း၊ အမှတ်(၁၀)၊ အခန်းအမှတ်(၃၀၂)နေ ဦးရမ်ဇာဝါးမှ ၎င်း၏ အတူနေသားဖြစ်သူ မောင်ဇော်မြတ်ထွဋ်၊ (၂၁)နှစ်၊ ၁၂/ဗတထ(နိုင်) ၀၄၄၃၄၈၊ နောက်ဆုံးနှစ် အပိုင်း(က)၊ဆေးတက္ကသိုလ်(၁)ကျောင်းသားမှာ ပျောက်ဆုံး နေကြောင်းနှင့် စုံစမ်းရှာဖွေပေးပါရန် တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ်(၃/၂၀၁၄)ဖြင့်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
၎င်းသည် ၂၀.၃.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် နေအိမ်မှ ဗဟိုအမျိုးသမီး ဆေးရုံသို့ လက်တွေ့ ဆင်းရန်သွားမည်ဟု ပြောပြီး ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဖော်ပြပါ ဓါတ်ပုံမှာ ပျောက်ဆုံးသူ အမျိုးသားဖြစ်ပြီး ၎င်းတွင် အမှတ်အသား အဖြစ် လည်ပင်း၌မှဲ့(၁)လုံးရှိကာ အရပ်မှာ ၅ပေ ၄လက်မခန့်ရှိကြောင်း သိရှိရပါသည်။
အဆိုပါလူပျောက်မှုနှင့်ပတ်သက်၍ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေ လျက်ရှိပြီး အမြန်စုံစမ်း တွေ့ရှိနိုင်ရေး မိဘပြည်သူများမှလည်း ၎င်းနှင့်ပတ်သက်သည့် သတင်းများရရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း
၎င်း၏မိသားစုနှင့် ရဲတပ်ဖွဲ့မှမေတ္တာရပ်ခံ ဖော်ပြအပ်ပါသည်-
ဖုန်းနံပါတ်
၀၁- ၂၃၀၀၇၄၇ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၀၁၇၆၁ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၉၁၈၈၆ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊
၀၁- ၂၉၁၈၇၄ ဗိုလ်တထောင်မြို့မရဲစခန်း၊
Yangon Police

Copy from http://www.thithtoolwin.com/
No comments:
Post a Comment