Saturday, March 29, 2014

ရွှေဘိုတွင် စစ်တပ်သိမ်း မြေများ ပြန်ရရန် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထောက်ရှာအိုင် ကျေးရွာတွင် ဒေသ အခြေစိုက် စစ်တပ် က သိမ်းယူထားသည့် လယ်ယာမြေဧက ၂၇၄၂ ဧကကို ပြန်လည်ရရှိရန် အတွက် တောင်သူလယ်သမား ၂၀၀၀ ကျော်က ယင်းမြေနေရာတွင် ယနေ့မနက်ပိုင်းက ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ကြကြောင်း သိရသည်။ ထောင်ရှာအိုင်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ခအုန်းသာ၊ ပေကြီး၊ ယောက်သင်္ကန်း၊ ညီမွန်၊ ထနောင်းကိုင်း၊ ပိတောက်ကုန်း ကျေးရွာများမှ တောင်သူလယ်သမားများက နွားထွန်ရှဉ်း ၇၀ နှင့် မနက် ၈ နာရီမှ ၁၀ နာရီအထိ ထွန်ယှက် ဆန္ဒပြခဲ့ကြောင်း တောင်သူအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောပြသည်။


Copy from http://burma.irrawaddy.org

No comments:

Post a Comment