Sunday, March 23, 2014

သမီးလေးရွာသူ/ရွာသားများကို မြေနေရာပြန်ချထားပေးမည်ဆို


ကျူးကျော်မြေဟုဆိုကာ ဖယ်ရှားခံခဲ့ရသော လှည်းကူးမြို့ နယ်၊ သမီးကလေးကျေးရွာမှ ရွာ သူရွာသားများကို ပြန်လည်စိစစ်လှည်းကူးမြို့နယ်အတွင်းရှိ အခြားသောကျေးရွာများတွင် မြေနေရာပြန်လည်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ သမီးကလေး ကျေးရွာမှ ရွာသူ/သားများကို မြေနေရာပြန်လည်ချထားပေးရန် စီစဉ်ရခြင်းမှာလည်း ယခင်က သမီးကလေးကျေးရွာတည်ရှိခြင်း/ မရှိခြင်းနှင့် မသက်ဆိုင်ဘဲ လူ အများနေထိုင်စရာ ဒုက္ခရောက် နေခြင်းကြောင့်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းက ပြောသည်။””
““သက်ဆိုင်ရာနဲ့ ညှိနှိုင်းနေ တုန်းပဲ။ မြေနေရာပြန်ပေးတဲ့ အခါမှာလည်း ဒီမိသားစုဟာ နေထိုင်စရာနေရာ အမှန်တကယ် အခက်အခဲဖြစ်လားဆိုတာကို ကြည့်ပြီးတော့မှ စီစဉ်ဆောင်ရွက် ပေးမှာပါ””ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယခုလက်ရှိအချိန်တွင် ကျူး ကျော်မြေရာကိစ္စများသည်တစ်စ တစ်စဖြင့် များပြားလာလျက်ရှိပြီး ယင်းကိစ္စကို အစိုးရအနေဖြင့် မဟာဗျူဟာများချမှတ်ကာကိုင် တွယ်ဖြေရှင်းသင့်ပြီဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြော သည်။
““ဒီကိစ္စကို အစိုးရအနေနဲ့ စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့တော့ လိုနေပြီ။ ငါးပွက်ရာငါးစာချနေလို့ မရတော့ဘူး””ဟု ဦးဖြိုးမင်းသိန်းက ထပ်လောင်းပြောဆိုသည်။
၂၀၀၆ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် မြေဈေးနှုန်းများ သည် သာမန်လူတန်းစားမိသားစု များအတွက် ကျောတစ်ခင်းစာ မြေနေရာကို ၀ယ်ယူနေထိုင်ရန် အတွက် အလှမ်းဝေးနေဆဲဖြစ် ကြောင်း သိရသည်။
““သူတို့တွေအတွက် လန-၃၉ ပေါက်ပြီးသားမြေကို ၀ယ်ပြီးတော့ မြေနေရာအစားပြန်ပေးဖို့လုပ်သေး တယ်။ ဒီမှာက မြေတစ်ဧကကို သိန်း(၃၀)လောက်ဖြစ်နေတယ်။ ချပေးရမည့်လူအရေအတွက်က (၁၀)ဧကလောက်ထိဖြစ်နေတော့ ဘယ်လိုမှမတတ်နိုင်ဘူး””ဟု အမျိုးသားလူမှုဘ၀ဖွံ့ဖြိုးတိုးတက် ရေး ကွန်ရက်မှ ဦးနေမျိုးဇင်က ဆိုသည်။
ဖယ်ရှားခံခဲ့ရသည့် သမီး ကလေးကျေးရွာမှ ရွာသူရွာသား များကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ မြေနေရာကို ပြန်လည်နေရာချထားပေးသော် လည်း ယင်းမြေနေရာသည် ရေ နက်ကွင်းဖြစ်သည့်အတွက် လုပ် ကိုင်စားသောက်ရန်အခက်အခဲရှိ ခြင်းကြောင့် ယင်းနေရာကိုနေထိုင် ရန် သဘောတူသည့် လူနှင့် သဘောမတူသည့်လူများရှိနေ ကြောင်းကိုလည်း သိရသည်။
““တချို့က မြေနေရာကို လက်ခံတဲ့သူရှိတယ်။ တချို့က တော့ ရေနက်ကွင်းဖြစ်တဲ့အတွက် လုပ်ကိုင်စားသောက်ဖို့မလွယ်လို့ လက်မခံကြဘူး””ဟု သမီးကလေး ကျေးရွာမှဖယ်ရှားခံရသည့် လူ အများကိုစောင့်ရှောက်ထားသည့် အောင်သိနိ္ဓဘုန်းတော်ကြီးကျောင်း မှ ဆရာတော် ဦအဂ္ဂဓမ္မက မိန့် ကြားသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ က သမီးကလေးကျေးရွာမှ ရွာသူ /ရွာသားများကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲD.K.B.A အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာ နေရာဒေသတွင် မြေနေရာအစား ပြန်ပေးရန်လာရောက်ခေါ်ဆောင် သော်လည်း သမီးကလေးကျေးရွာ မှ ဒေသခံများသည် အစိုးရမှ ပြန်လည်ချထားပေးမည့် မြေနေရာ သို့ လိုက်ပါသွားခြင်းမရှိကြောင်း ကိုလည်း သိရသည်။ 

ဖြိုးအောင်

Copy from http://hotnewsweekly.com

No comments:

Post a Comment