Tuesday, March 25, 2014

အမေရိကန်က အခြားနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ဖုန်းများကို အသံဖမ်းပြီး ပြန်လည်​နား​ထောင်နိုင်

Wednesday, March 26, 2014

လတ်တလော ပြည်သူများ၏ ခွင့်ပြုချက်မရှိဘဲ ဖုန်းများကို တိတ်တဆိတ် နားထောင်မှုများကြောင့် ပြည်သူများ၏ ပြစ်တင်ကြိမ်းမောင်းမှု ခံနေရတဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (National Security Agency) မှာ အခြားနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ဖုန်းခေါ်ဆိုမှုများကို အသံဖမ်းယူထားနိုင် ပြီး ပြန်လည် နားထောင်မယ့် နည်းပညာရပ်များ ရှိနေကြောင်း ထပ်မံထွက်ပေါ်လာတဲ့ သတင်းပေါက်ကြားချက်များအရ သိရှိရပါတယ်။
ဒါကတော့ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီရဲ့ လျှို့ဝှက်ချက်များ ကို သတင်းပေါက်ကြားစေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကာ ရုရှနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရထားတဲ့ အက်ဒ်ဝါ့ဒ်စ် စနိုးဒင် ထံမှ ထပ်မံထွက်ရှိလာတဲ့ သတင်းပေါက်ကြားမှု တစ်ရပ်ကို ကိုးကားပြီး ရေးသား ထားတဲ့ ဝါရှင်တန်ပို့စ် သတင်းပဲဖြစ်ပါတယ်။
ယင်း သတင်းပေါက်ကြားမှုအရဆိုရင် အမေရိကန်နိုင်ငံဟာ မိမိနိုင်ငံကို မဆို ထားဘိ၊ အခြားနိုင်ငံ တစ်နိုင်ငံလုံးရဲ့ တစ်လအတွင်း ဖုန်းခေါ်ဆိုမှုများကို ၁ဝဝ ရာခိုင်နှုန်း အပြည့်အဝ ပြန်လည်နားထောင်နိုင်မယ့် နည်းပညာရပ်များ ရှိနေပါတယ်။ ဒီနည်းပညာရပ်ဟာ ပြည်သူအများသိထားတဲ့ NSA ရဲ့ လက်ရှိ နည်းပညာရပ်ထက် အဆပေါင်းများစွာသာလွန်နေပြီး အစွမ်းထက်လက်နက် ကြီး တစ်ခုပဲ ဖြစ်ပါတယ်။
အမေရိကန် ထိပ်တန်းအရာရှိကြီးများကတော့ NSA ရဲ့ စီမံကိန်းများဟာ နိုင် ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုရန်ကို ကာကွယ်ရေးအတွက် လိုအပ်ကြောင်း ကာကွယ်ပြောဆိုထားပါတယ်။
-
TZ (MCG)
Myanmar Consumer Guide
 
Copy from www.myanmarcnn.com

No comments:

Post a Comment