Sunday, March 23, 2014

“အလည်ဗီဇာနဲ့တင်ပို့လိုက်တဲ့အလုပ်သမားများအကူညီတောင်းခံ”

               
မင်းဘခက်  ၂၀၁၄ ခုမတ်လ၂၁
 နိုင်ငံကူးလက်မှတ်စာအုပ်(ပတ်စပို့) ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ MOU ကုမ္ပဏီက တင်သွင်းလာခဲ့ သည့် အလုပ်သမားများမှာ လာမည့် ၂၅ ရက်နေ့ တွင် ဗီဇာသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် နယ်စပ် သို့ ပို့ဆောင်ပေး ပါရန် အကူညီတောင်းခံလျှက်ရှိကြောင်း သိရှိရသည်။
အလုပ်သမားများအား ဆောက်လုပ်ရေးလုပ်ရမည်ဟု စာချုပ်ချုပ်ဆို ခဲ့ကြသော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ဘူပန်တစ်အရပ်တွင်ရှိသော ရာပြားသန့်စင်ထုတ်လုပ်သည့်အလုပ်ရုံတွင် ဓါတုဆေးရည်များဖြင့် လုပ်ကိုင်ရသည့်အလုပ်ရုံတွင်လုပ်ကိုင်နေကြရကြောင်း အလုပ်သမားများကပြော သည်။ 
   
မြ၀တီအခြေစိုက် ငွေကြိုးကြာကုမ္ပဏီ က၂၅၊ ၁၂၊၂၀၁၃ နေ့တွင် ရန်ကုန် မြို့ရွှေဂုံတိုင်အရပ်တွင်ရှိသော အောင်သိန္ဓိဘုန်းတော်ကြီး ကျောင်းတွင်စာချုပ် ချုပ်၍အလုပ်သမား၃၀ဦးအားထိုင်းနိုင်ငံ အတွင်းသို့မြ၀တီ မဲဆောက်နယ်စပ်
စပ်လမ်းမှ တင်သွင်းလာခဲ့ခြင်းဖြစ်သည်။
     အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေသုံးသိန်းရှစ်သောင်းစီပေးခဲ့ရပြီးစာချုပ် ချုပ်ဆိုစဉ်က ပန်းရံလုပ်ရ မည် ဖြစ်ပြီး ပတ်စပို့ဖိုး ဘတ်ငွေ တစ်သောင်းဖြတ် မည်ဖြစ်ကြောင်း ပါရှိခဲ့သော်လည်း လက်တွေ့တွင် ရာဘာပြား သန့်စင်သည့် အလုပ်ရုံတွင်လုပ်ကိုင်နေကြရပြီး ဘတ်၁၂,၀၀၀ဖြတ်တောက်မည်ဖြစ်ကြောင်း   ကေသီပန်သနပ်ခါးပွဲစားက ပြောဆိုကြောင်းအလုပ်သမားများကပြောသည်။
    မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် တက်ပုံဟောင်းကျေးရွာမှ ကိုညွန့်ဝေ က“ကျနော်တို့ ဒီနေ့မနက်စားစရာမရှိတော့လို့ ကမ်ပူးချားအလုပ်သမားေ တွဆီက ဆန်တောင်းပြီး ချက်ရပါတယ်။ ၀၀လင်လင်မစားရပါဘူး။ စာအုပ် ကိုပွဲစားကသိမ်းထားပါတယ်။ ပုလိပ်လာရင် ကျနော်တို့ ပုန်းနေရပါတယ်။ ကျနော်တို့စားစရာမရှိတော့ပါ။ အယင်ရက်တွေက ဆိုရင် မဟာချိုင်က MOU နဲ့လာလို့ ဒုက္ခ ရောက်ခဲ့ဖူးသူ ကိုစောမြချို က ပိုက်ဆံပို့ပေးတာနဲ့စားနေ ခဲ့ရတာပါ။ ကျနော်တို့ကို နယ်စပ်ကိုရောက်အောင် မြန်မြန်ပို့ပေးပါ။ မဟုတ်ရင် ပုလိပ်ဖမ်းလို့ ထောင်ကျပါမယ်။ မြန်မာသံရုံးက ဦးကျော်ကျော်လွင် ကို အကူ ညီတောင်းတော့မင်းတို့တရားဝင်လာတာမဟုတ်တဲ့အတွက် မြန်မြန် ပြန်ဆင်း သွား၊ နေရာဝေးတဲ့အတွက် လာမရှင်းနိုင်လို့ပြောပါတယ်။ သူပြောတာကို ကျနော်တို့အသံဖမ်းထားတယ်”ဟုပြောပါသည်။
    မူလကအလုပ်သမား၃၀ဦးလာခဲ့ကြသော်လည်း နေ့စဉ် ထွက်ပြေးနေ ကြသဖြင့် ယခုအခါ အလုပ်သမား၁၄ဦးသာ ကျန်ရှိတော့ပြီဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
           စူရတ်မြို့တွင် နေထိုင်သည့်၊ဘန်ကောက်မြို့ အခြေစိုက်ထိုင်းနိုင်ငံ   ရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT၏ ဥပဒေအကြံပေး ဦးအောင်မျိုးသန့် က  အလုပ်သမားများအား ဆန်နှင့် သားငါးများဝယ်ယူ၍ ယနေ့ညနေတွင် သွားရောက် ကူညီပေးနေပြီးဖြစ်သည်။
           ဒါရိုက်တာ ဦးကျော်သောင်း က “MOU ဆိုတာ ပွဲစားနဲ့အလုပ်သမား အာဏာပိုင်တွေနဲ့ ပူးပေါင်း ပြီးတော့ မြန်မာအလုပ်သမားတွေကို ပါကင်ထုတ်  ပြီး ရောင်းစားနေတာလို့ ကျနော်ပြောခဲ့ဖူးတယ်။MOU အလုပ်သမားတင်သွင်း တဲ့အတွက် အလုပ်သမားသံအရာရှိနဲ့ ကုမ္ပဏီတွေမှာ မြိုးမြိုးမြက်မြက် အမြတ် အစွန်းရပြီးသားဖြစ်တယ်။ အလုပ်သမားတွေဒုက္ခရောက် ထမင်းငတ်တော့ လက်ရှောင်နေကြတယ် ။ 
        မြ၀တီမှာပတ်စပို့ ထုတ်ပေးတာ ကိုရပ်လိုက်တော့ ရန်ကုန်က ပတ်စပို့လုပ်ပြီး အလည်ဗီဇာနဲ့ တရားမ၀င် လူမှောင်ခိုကူးကြပြန် တယ်။ အလုပ်သမားတွေနယ်စပ်ကို ပြန်ပို့ရင် အဲဒီအလုပ်သမားတွေလုပ် ထားတဲ့ လုပ်အားခနဲ့ ဗမာပြည်မှာ အဲဒီကုမ္ပဏီကိုပေးခဲ့ရတဲ့ကျပ်ငွေ လေးသိန်း နီးပါး ဆုံးရှုံးမှုကိုကော ဘယ်သူ က ပြန်ပေးမှာတဲ့လဲ။ အတိုးတွေနဲ့ချေး လာတဲ့ အလုပ်သမားတွေ ဘ၀ပျက်ဖို့ပဲရှိတော့တာပေါ့။ 
      အစိုးရလုပ်တာကိုင် တာတွေ မူဝါဒတွေ မှားယွင်းနေပါတယ်။ ကျနော်တို့ အကြံပြုချက်တွေကိုလည်းလက်ခံ    မယ့်ပုံမပေါ်ဘူး။ ဒီအတိုင်းဆိုရင် မြန်မာ အလုပ်သမားတွေ ဆက်ပြီးတော့ ဒုက္ခရောက်ကြအုံးမှာပဲ” ဟုပြောသည်။
       ပတ်စပို့ကြီးနှင့်အလည်ဗီဇာလုပ်၍ MOU အလုပ်သမားများ အမြောက် အမြားတင်ပို့ထားသည့် အလုပ်သမားများ၏ အခက်အခဲများအား အလုပ် သမား ၀န်ကြီးဌာနသို့ MAT က သတင်းပေးပို့ အကူညီတောင်းခံသွားမည်ဖြစ်   ကြောင်းသိရှိရသည်။
 
Copy from http://www.goldenworkers.asia

No comments:

Post a Comment