မင်းဘခက် ၂၀၁၄ ခု မတ်လ၂၄
မဟာချိုင် ပန်းရံလုပ်ငန်းခွင့်သို့ ခေတ္တပြောင်းရွှေ့ခံထားရသည့်
MOUအလုပ်သမား၂၂ဦးအား တာဝန်ရှိသည့်ကုမ္ပဏီများက ကောင်မွန်စွာဖြေရှင်းခြင်းပြုရမည့်အစား
ကိုယ်စားလှယ်က အလုပ်သမငယ် တစ်ဦးအား သောက်လက်စ ဘီယာဗူးဖြင့် ပစ်ပေါက်ခဲ့ကြောင်းသိရှိရသည်။
မေ၀င့်ကုမ္ပဏီကတင်ပို့ထားသည့်အလုပ်သမားများမှာ မတ်လ၂၁ရက် နေ့က ၃ ကြိမ် တိုင်တိုင် ပုလိပ်ဖမ်းဆီးခံခဲ့ရသဖြင့်
ကုမ္ပဏီကိုယ်စားလှယ် နှင့်အတူ MAT အဖွဲ့တို့က မဟာချိုင်မြို့နယ် နီခွန် ၁၁ လမ်းတွင်
ရှိသော ပန်းရံဆိုဒ်သို့ပို့ဆောင်ပေးခဲ့သူများဖြစ်သည်။ ထိုအလုပ်သမားများအား ကောင်းမွန်စွာ
အလုပ်လုပ်ရမည့်နေရာသို့ ပို့ဆောင် ပေးရန် MAT အဖွဲ့သည် အလုပ်သမားတင်သွင်းသည့်တာဝန်ရှိ လူကြီး
နှင့် မတ်လ၂၃ရက်နေ့တွင်၃ကြိမ်ထက်မနည်းအဆင်ပြေစွာ
ပြောဖြစ်ခဲ့ကြပါသည်။
၂၃ရက် ညဥ့် ၁၀ခန့်တွင် ထိုင်းMOU ကုမ္ပဏီပိုင်ရှင်အမျိုးသမီး၏
ကိုယ်စားလှယ်ဆိုသူရောက်ရှိ လာပြီး အလုပ်သမားများအားအလုပ်ပြောင်းရွှေ့ ရန်ပြောဆိုခဲ့သည်။
ထိုအခါ အသက် ၂၇နှစ်အရွယ်အလုပ် သမ ငယ်တစ်ဦးက ယခင် အလုပ်လုပ်ထားသည့်ရက်၂၀အတွက် လုပ်အားခအား
ရှင်းပေးပြီးမှ လိုက်ပါခဲ့ မည်ဖြစ်ကြောင်း၊ ထမင်းစားစရာမရှိတော့ကြောင်း ပြောဆိုခဲ့သည်။
အလုပ်သမက “ကျမက အကိုတို့ပြောင်းတဲ့နေရာကိုပဲလိုက်ရမှာပါ။ ဒါပေမယ့် ကျမတို့ စားစရာမရှိဖြစ်နေ တယ်လို့ပြောတော့ နင်တို့မြက်ကိုစားတဲ့၊ ဆိုပြီး ကျမကိုကြမ်းကြမ်းတမ်းတမ်းဆဲဆိုပါတယ်။ ကျမကို သောက်နေ တဲ့ဘီယာဗူးနဲ့

ပြီးခဲ့သည့်၁၄၊၃၊၂၀၁၄.နေ့က အလုပ်သမား သံအရာရှိဦးကျော်ကျော် လွင်
နှင့်အဖွဲ့တို့ ဘန်ကောက် မြို့ စမူပါကန်နယ်မြေ
စွိုင်အာထယန် အရပ် တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်သို့ လာရောက် ခဲ့ကြစဉ်၊
အလုပ် သမားတင်သွင်းသည့်ကုမ္ပဏီက စားစရိတ်ချေးငွေထုတ်မပေးခြင်း၊ စားစရာ များဝယ် မပေး ခြင်းတို့အား
အမှန်အတိုင်းတင်ပြသည့် အလုပ်သမား ကိုသန်းထိုက်စိုး
အား မေ၀င့်ကုမ္ပဏီနှင့် MOU အလုပ်သမားများအား ရန်ကုန်မြို့သို့လာရောက်လက်မှတ်ထိုး ခေါ်ဆောင်ရာတွင်ပါဝင်ခဲ့သည့်
ထိုင်းအမျိုး သမီး၏ ခင်ပွန်းဖြစ်သူက ပါးကိုရိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ၂၁ ရက်နေ့တွင် ပုလိပ်အဖမ်းခံရစဉ် လမ်းဘေးတွင်ကျန်နေခဲ့သည့် အထုတ်အပိုး များအား မတ်လ ၂၃
ရက်နေ့တွင် အလုပ်သမားများ ရှိမဲ့စုမဲ့ပိုက်ဆံများ စုပေါင်း၍ ကားတစ်စီးငှါးရမ်း၍ မိမိတို့အစီအစဉ်ဖြင့်
သယ်ယူခဲ့ရကြောင်း အလုပ်သမားများကပြောသည် ဘန်ကောက်မြို့ အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာ
နိုင်ငံသားများအဖွဲ့ဒါရိုက်တာ
ဦးကျော်သောင်း က“ MOU အလုပ်သမားတင်သွင်းခြင်းနဲ့ပါတ် သက်ပြီးတော့
ပြဿနာတွေကို အချက်အလက်အပြည့်အစုံနဲ့ မြန်မာ အစိုးရအာဏာ ပိုင်တွေကို ကျနော်တင်ပြခဲ့တာကြာ ပါပြီ။
ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကိုလည်း ကျနော် တင်ပြဖူးပါတယ်။
အာဏာပိုင်တွေက တာဝန်ယူဖြေရှင်းမှု မရှိတာကြောင့်
ပြဿနာတွေပိုများလာတယ်။ ပိုရှုပ်ထွေးလာတယ်။ ကျနော် တို့ ၀ိုင်းဝန်းဖြေရှင်းပေးလို့ အကောင်းဖက်ကို ဦးတည်လာတာ မျိုးမတွေ့ရသေးဘူး။ အေဂျင်စီတွေ ဘက်ကလည်း
ကောင်းအောင်ဘယ်လိုလုပ်ကြမလဲ လို့မစဉ်းစားကြပဲ ကျနော် တို့ကို လာဘ်ထိုးပေါင်းသင်း ပြီး
အမှန်တရားကို ဖုံးဖိဖို့ ကြိုးစားကြတယ်။ ကျနော်တို့ လက်မခံတဲ့အတွက် ကျနော်တို့အပေါ်မှာ
အေဂျင် စီတွေနဲ့ အစိုးရအာဏာပိုင်တွေ မုန်းတီးကြတယ်၊ ဖုန်းဆက်ပြီး ခြိမ်းခြောက် တာတွေ
မကြာမကြာခံရတယ်။ ကျနော် အသံဖမ်းထား တာတွေ အများကြီးရှိပါတယ်”ဟုပြောသည်။
၎နှစ်ခန့်ကြာလာသည့် MOUလုပ်ငန်းစဉ်၏ အားနည်းချက်အားသာချက် အားအစိုးရ
နှစ်ရပ်တို့စစ်ကြောခြင်း ၊သုံးသပ်ခြင်းမရှိကြသေးပေ။ ခြစားမှုဖြင့်မွေ့ လျှော်ပျော်ပိုက်နေကြဆဲဖြစ်သော
ထိုင်းနှင့်မြန်မာ ၀န်ထမ်းေ
လောက ၏ အထာ ကိုသေချာသိသော စီးပွားရေးလုပ်ငန်းရှင်တို့သည် MOU ကိုအခွင့်ကောင်းယူ လျှက် လူမှောင်ခိုပို့သည့်လုပ်ငန်းကိုအကြီးအကျယ် လုပ်ကိုင်ကြလျှက်ချမ်း သာကြွယ်ဝခဲ့ကြပြီးဖြစ်သည်။
လောက ၏ အထာ ကိုသေချာသိသော စီးပွားရေးလုပ်ငန်းရှင်တို့သည် MOU ကိုအခွင့်ကောင်းယူ လျှက် လူမှောင်ခိုပို့သည့်လုပ်ငန်းကိုအကြီးအကျယ် လုပ်ကိုင်ကြလျှက်ချမ်း သာကြွယ်ဝခဲ့ကြပြီးဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်းအထူးနည်းပါးနေဆဲနှင့်
နောင်၁၀နှစ်ကြာသည့် တိုင်အောင် နိုင်ငံသားအလုပ် သမားများအား ထမင်းဝလောက်သည့် အလုပ် ကိုင်များဖြစ်ပေါ်လာနိုင်ခြေနည်းပါးနေ ဆဲဖြစ်သော မြန်မာ
နိုင်ငံသားအမြောက်အမြားတို့သည် အိမ်နီးခြင်းထိုင်းနိုင်ငံအတွင်းသို့ လာရောက်၍ အလုပ်လုပ်ကြ ရဦး မည်ဖြစ် သဖြင့်GtoG ခေါ် နားလည်မှုစာချွန်လွှာ MOU ဖြင့် အလုပ်သမား တင်ပို့ခြင်းလုပ်ငန်းမှာ ဆက်လက် လို အပ်နေဦးမည်ကြောင်း ဦးကျော်သောင်း က သုံးသပ်ပြောဆိုသည်။
နိုင်ငံသားအမြောက်အမြားတို့သည် အိမ်နီးခြင်းထိုင်းနိုင်ငံအတွင်းသို့ လာရောက်၍ အလုပ်လုပ်ကြ ရဦး မည်ဖြစ် သဖြင့်GtoG ခေါ် နားလည်မှုစာချွန်လွှာ MOU ဖြင့် အလုပ်သမား တင်ပို့ခြင်းလုပ်ငန်းမှာ ဆက်လက် လို အပ်နေဦးမည်ကြောင်း ဦးကျော်သောင်း က သုံးသပ်ပြောဆိုသည်။
Copy from http://www.goldenworkers.asia
No comments:
Post a Comment