Thursday, March 27, 2014

မြောက်ကိုရီးယားတက္ကသိုလ်ကျောင်းသားများအား ကင်ဂျုံအန်ဆံပင်ပုံထားရှိရန် တိုက်တွန်း



မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့်ဇနီး ရီဆိုဂျူးးတို့ ယဉ်ကျေးမှုကဇာတ်ရုံ ဖျော်ဖြေပွဲတစ်ခုသို့ ရောက်ရှိလာခိုက် ကြိုဆိုနေကြသည်ကို တွေ့ရစဉ် (KCNA/AFP)
မြောက်ကိုရီးယားအမျိုးသားတက္ကသိုလ် ကျောင်း သားများသည် ယခုအခါ ၎င်းတို့ နိုင်ငံ့ခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန်ကဲ့သို့ ဆံပင်ပုံစံမျိုး တစ်ပုံစံတည်း ညှပ်ထားကြရန် လိုအပ်နေပြီဖြစ်သည်။
မြို့တော်ပြုံယမ်းတွင် ပြီးခဲ့ သည့် နှစ်ပတ်ခန့်က ထုတ်ပြန်ခဲ့ သည့် အစိုးရက ပိတ်ပင်တားမြစ် ချက်နှင့် လမ်းညွှန်ချက်များတွင် ထိုသို့ ကင်ဂျုံအန်ကဲ့သို့ ဆံပင်ပုံ ညှပ်ထားရန် တိုက်တွန်းထားခြင်း ဖြစ်သည်။ ယခုအခါ နိုင်ငံတစ် ဝန်းသို့ ဖြန့်ချိထားသော ယင်း သတ်မှတ်ချက်များကို အချို့က မလိုက်နာလိုကြဘဲ မိမိတို့နှင့် လိုက်ဖက်သည့် ဆံပင်ပုံစံသာ ထားချင်ကြကြောင်းဆိုသည်။
‘‘ကျွန်တော်တို့ခေါင်းဆောင် ရဲ့ ဆံပင်ပုံစံက အလွန်ထူးခြားပါ တယ်။ လူတိုင်းက ဆံပင်ပုံစံနဲ့ ဦးခေါင်းပုံတွေ မတူကွဲပြားကြတဲ့ အတွက် လူတိုင်းနဲ့ အမြဲလိုက်ဖက် နိုင်မှာ မဟုတ်ပါဘူး’’ဟု သတင်း ရင်းမြစ်တစ်ခုက ရေဒီယိုဖရီး အေးရှားအစီအစဉ်အား ပြော သည်။
တရုတ်နိုင်ငံတွင် နေထိုင်နေသည့် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးကလည်း ကင်ဂျုံအန်၏ဆံပင်ပုံစံမှာ ဇာတိမြေတွင် လူကြိုက်များခြင်းမရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆံပင်ပုံစံမှာ တရုတ်မှောင်ခိုသမားများနှင့် တူနေ၍ဖြစ်ကြောင်း ဆို သည်။
‘‘၂၀၀၀ ပြည့်နှစ်များ အလယ်လောက်ကစပြီး ဒီဆံပင်ပုံစံမျိုးကို ကျွန်တော်တို့ မြောက်ကိုရီးယားမှာ တရုတ်မှောင်ခို သမားဆံပင်ပုံလို့ပဲ ခေါ်ကြပါတယ်’’ဟု အဆိုပါပုဂ္ဂိုလ်က ပြော သည်။
မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူတို့ထားရမည့် ဆံပင်ပုံစံ များကို နိုင်ငံတော်ကသတ်မှတ် ပေးထားပြီး အမျိုးသမီးတို့အ တွက် ဆံပင်ပုံစံ ၁၈ မျိုးနှင့် အမျိုး သားတို့အတွက် ၁၀ မျိုး သတ် မှတ်ပေးထားသည်။ အစိုးရသည် အစောပိုင်းကပင် ဆံပင်အရှည် ထားခြင်းကို နိုင်ငံပိုင်ရုပ်သံမှ ဆန့် ကျင်ရန် စည်းရုံးခဲ့ပြီး ‘‘ကျွန်ုပ်တို့ ရဲ့ ဆံပင်ပုံစံကို ဆိုရှယ်လစ်လူနေ မှုဟန်ပန်ဖြင့် ကိုက်ညီသောပုံစံ မျိုးဖြင့် သပ်ရပ်စွာထားကြစို့’’ဟု ကြွေးကြော်သံ ထုတ်ခဲ့သည်။ ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံ အီလ်မှာမူ အရပ်အတန်ငယ်ပု သောကြောင့် အရည်ရှည်သည့် အသွင်ပေါက်စေရန် ဆံပင်ကို အမောက်ထောင်ထားသည့်ပုံစံ ထားခဲ့သည်။
—Ref: BBC

Copy from http://7daydaily.com

No comments:

Post a Comment