Saturday, March 21, 2015

ဆင်းရဲသားမြေယာမရှိသူများအတွက် လယ်ဧက ၅ သောင်းကျော် ထိုင်းခွဲပေးမည် (မြန်မာပြည်မှာ မဟုတ်ပါ)


ထိုင်းနိုင်ငံ ခရိုင် ၁၅ ခုက ဆင်းရဲသား မြေယာမရှိသူတွေ နေထိုင်လုပ်ကိုင်ဖို့အတွက် လယ်ယာမြေ ဧက ၅ သောင်းကျော် (ရိုင် ၁၁၁၂၁၀)ကို ပေးအပ်ဖို့ ထိုင်းအစိုးရက အတည်ပြု လိုက်ပါတယ်။
မေလမှာ မြေယာတွေကို ခွဲပေးသွားမှာ ဖြစ်ပြီး မြေယာအများစုဟာ သီးသန့်ဖယ်ထားတဲ့ မြေတွေ ဖြစ်တယ်လို့ အမျိုးသား မြေယာ မူဝါဒ ကော်မတီကို ကိုးကားပြီး ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

တနှစ်ကို ဘတ် ၃သောင်းအောက် ၀င်ငွေရှိတဲ့လူတွေကို အစိုးရက ခွဲဝေပေးသွားမှာလို့ သတင်းက ရေးပါ တယ်။

လက်ခံမယ့်လူစာရင်းကို စစ်ဆေးပြီး ဒီလူတွေဟာ မြေယာ အမှန်တကယ်မရှိသူတွေ ဖြစ်တယ်ဆိုတာ ခရိုင် အစိုးရတွေက စစ်ဆေးရမယ်လို့လည်း ဆိုပါတယ်။

ဒီအထဲကဧက ၂ သောင်းကျော်ကတော့ ခရိုင် ၁၁ ခုအတွက်ဖြစ်ပြီး ကျန်တဲ့ ခရိုင် ၄ ခုကိုလည်း မြေယာတွေ ခွဲဝေပေးမယ်လို့ ဆိုပါတယ်။

၂၀၁၄ ဒီဇင်ဘာနဲ့ ၂၀၁၅ ဖေဖော်ဝါရီမှာလည်း ဧက ၂ သောင်းကျော်ကို ချင်းမိုင်၊ နမ်ခေါင်ဖနုံ၊ မူဒါဟန်၊ ချွန်ဖောင်းခရိုင်တွေမှာ အစိုးရက ခွဲဝေပေးခဲ့ပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment