Tuesday, October 2, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဦးဆောင်၍နယ်မြို့များတွင် လိုက်လံဟောပြော

မင်းကိုနိုင်ဦးဆောင်သော နယ်မြို့များတွင် လိုက်လံဟောပြော၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် ကိုဂျင်မီတို့ဦးဆောင်၍ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းစဉ်ဖြင့် ၂၀၁၂ခုနှစ်အောက်တိုဘာလ
၂ ရက်နေ့မှ ၄ ရက်နေ့အထိ မိတ္ထီလာ မလှိုင် ကျောက်ဆည်သဲတောဝမ်းတွင်း သာစည် ယင်းမာပင် ဘုရားငါးဆူ ရမည်းသင်း ပျော်ဘွယ် အစရှိသောမြို့ကြီးများတွင် လိုက်လံဟောပြောခဲ့ကြောင်းသိရပါသည်။

အဆိုပါဆွေးနွေးဟောပြောပွဲတွင် ကိုမင်းကိုနိုင်မှ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရအကြောင်းအား ပြောကြားရာတွင်“နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကိုက ပြည်သူရဲ့ အရေးပါမှုကို
အသိအမှတ်ပြုပြီးတော့ ပြည်သူတွေနဲ့ကိုယ်စားပြုထားတဲ့ အခု အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ လက်တွဲကြပါ။ ကူညီကြပါလို့ ပြောနေတဲ့အချိန်မှာအောက်ခြေမှာရှိတဲ့ အဆင့်တွေက ဘာလုပ်ရလဲဆိုတော့ ဘာတွေလုပ်နေတုန်းလဲဆိုတော့အခုမိတ္ထီလာအနီးတ၀ိုက်က မြို့တွေက ကျွန်တော်တို့ဆီကိုလာပြီးတော့အခုလိုမျိုး တွေ့ဆုံဆွေးနွေးဖို့ သူတို့မြို့တွေကိုလာကြိုတဲ့အခါမှာခွင့်ပြုဖို့ဆိုတာတောင် ခက်ခဲတဲ့ ယင်းအနေအထားမျိုးမှာ တွေ့နေရတယ်၊ကျွန်တော်တို့နဲ့နီးတဲ့ မြို့တွေကို ကြည့်လိုက်ဦးမယ် သူတို့ကခွင့်ပေးရင် ကျွန်တော်တို့ကလည်း ခွင့်ပြုပေးမယ်လို့ဆိုတယ်အဲဒါဘာကိုပြနေ လဲဆိုတော့ ကိုယ့်ကိုယ်ကို တာဝန်ယူမှုမရှိဘူး   ဘယ်ရှိမလဲသူတို့ကြားနာခဲ့တဲ့ တရားတွေက တစ်ပုဒ်ထဲ  တစ်ဖက်ကြား  တစ်ဖက်နားပဲကြားလာခဲ့ရတယ်  အဲဒါဘာလည်းဆိုတော့  ရေဘူးပေါက်တာမလိုချင်ဘူးရေပါတာပဲလိုချင်တယ်  အဲဒါ  စစ်တပ်ရဲ့ ပြင်းထန်တဲ့အမိန့်တွေပဲ
နာခံခဲ့ရတဲ့အခါကြတော့  အရပ်သားတွေ  တွေ့ဆုံဆွေးနွေးတဲ့ပွဲတွေကိုတောင်သူတို့က ကြောက်ကြောက်နဲ့ ဒူးတုံနေတဲ့ဘ၀ကို  သူတို့ရောက်သွားပြီ”ဟုပြောကြားသွားခဲ့သည်။ ၄င်းကဲ့သို့ ကိုမင်းကိုနိုင်မှ
ပြောကြားရခြင်းမှာလည်း ပြည်သူ့အဖွဲ့အစည်းများနဲ့အရပ်ဖက်လူ့အဖွဲ့အစည်းများ  သက်ဆိုင်ရာ ဌာနများမှ အဖွဲ့အစည်းများအားလုံးသည် အတူတကွ လက်တွဲလုပ်ကိုင်နိုင်ရန် ၄င်းကဲ့သို့
ပြောကြားရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြိုးအောင်

No comments:

Post a Comment